Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

Sam Smith ရဲ့ ခွဲစိတ်ကုသမှုအောင်မြင်




၂၀၁၅ ခုနှစ် Billboard ဂီတဆုပေးပွဲမှာ Top Male Artist ဆုကို ရရှိသွားတဲ့ Sam Smith အတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာပါတယ်။

ဒီနေ့ပဲ မန်ဆာချူးဆက်ပြည်နယ် အထွေထွေ ဆေးရုံက သတင်းထုတ်ပြန်ခဲ့တာကတော့ Sam Smith ရဲ့ အသံပြွန်(Vocal Cord) ခွဲစိတ်ကုသမှု အောင်မြင်သွားပြီဖြစ်ပြီး မကြာခင်မှာ လုံးဝ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ရတယ် ဆိုတာပဲ ဖြစ်ပါတယ်။

Sam Smith ရဲ့ အသံပြွန်က သွေးထွက်တဲ့ ပြဿနာကို ခွဲစိတ် ကုသပေးခဲ့တာကတော့ Dr Steven Zeitels ဖြစ်ပြီး ထိုဆရာဝန်ဟာ အခြားနာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ Steven Tyler ၊ Lionel Richie နဲ့ Adele တို့ကိုလည်း ခွဲစိတ်ကုသ ပေးခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လမှာတုန်းက ထို အသံပြွန် သွေးထွက်တဲ့ရောဂါ ကြောင့် Sam Smith တစ်ယောက် သြတြေးလျ နယ်လှည့်ဖျော်ဖြေပွဲတွေကို ပယ်ဖျက်ခဲ့ဂပြီး ဂျပန် နဲ့ မနီလာ တို့မှာ ပြုလုပ်တဲ့ ရှိုးတွေမှာလည်း ပါဝင်ခွင့်မရခဲ့ပါဘူး။

ဒီနေ့ပဲ ၂၃ နှစ်ပြည့်မွေးနေ့ကို ကျရောက်တဲ့ Sam Smith ဟာ သူ့ရဲ့ခွဲစိတ်ကုသမှု အတွက် ခွဲစိတ်ခန်းမ၀င်ခင်ကတည်းက Instagram မှာ ဓါတ်ပုံတစ်ပုံ တင်ထားခဲ့ပါသေးတယ်။

Sam Smith ဟာ ၂၀၁၅ ခုနှစ် Billboard ဂီတဆုပေးပွဲမှာ Top Male Artist ဆုကိုရခဲ့ပေမယ့်လည်း ထိုပွဲကိုတက်ရောက်နိုင်ခြင်းမရှိခဲ့ပဲ ဗီဒီယိုတစ်ခုနဲ့သာ စာသားများရေးသားပြီး အမှတ်တရ မိန့်ခွန်းကို ပြောကြားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇူလိုင်လ ၁၈ ရက်မှာတော့ Sam Smith ဟာ ရှိုးပွဲတွေ ပြန်လည် ဖျော်ဖြေမယ်လို့ သိရပါတယ်။

( Mario )

Ref : Mirror

No comments:

Post a Comment