Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 2, 2015

PLA သည် အမေရိကန်စစ်ဘက်ထက် သာလွန်နိုင်ဖွယ် မရှိဟုဆို




ပေကျင်း ၊ ၃၀-၄-၂၀၁၅

တရုတ်နိုင်ငံသ ည် လာမည့် ဆယ်စုနှစ် ၂ စုအတွင်း၌ စစ်ဘက်တွင် အမေရိကန် နိုင်ငံထက် ကျော်လွန် နိုင်ဖွယ် မရှိကြောင်း ပေကျင်းမြို့ရှိ အမျိုးသား ကာကွယ်ရေး တက္ကသိုလ်မှ ဗိုလ်ချုပ် Zhang Zhaohong က တွေ့ဆုံ မေးမြန်းခန်း တစ်ခုတွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်းတစ်ရပ် အရ သိရသည်။

အမေရိကန် မီဒီယာများက တရုတ်နိုင်ငံ၏ စွမ်းပကားကို ပုံကြီးချဲ့ ဖော်ပြလျက် ရှိသောကြောင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ကို အာရုံစိုက် လာစေကြောင်း Zhang က ပြစ်တင် ဝေဖန်ထားသည်။

အမေရိကန် မီဒီယာများ အနေဖြင့် တရုတ် စစ်ဘက်က အမေရိကန် နိုင်ငံအား မည်သို့ အလျင်အမြန် ကျော်လွန် သွားနိုင်ကြောင်း ဖော်ပြခဲ့ကြ သည်ဟု Zhang က ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံ အတွင်း၌ ယနေ့အချိန်တွင် မတူကွဲပြားသော ထုတ်ဖော်ပြောကြားမှု ၂ ခုရှိကြောင်း၊ တစ်ခုသည် အမေရိကန် နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် အခြား စစ်လက်နက်ပစ္စည်းများတွင် ဆက်လက် ပြိုင်ဆိုင်ရန် အတွက် စီးပွားရေး စွမ်းရည် မရှိကြောင်းနှင့် အခြားတစ်ခုသည် တရုတ်နိုင်ငံ အနေဖြင့် နောက် ၃ နှစ်မှ ၅ နှစ်တာ ကာလ အတွင်း၌ လက်နက် ပြိုင်ဆိုင်မှုတွင် အနိုင်ရရှိ လာမည် ဖြစ်ကြောင်း ပြောကြား ထားသည်ဟု သိရသည်။

အဆိုပါ သီအိုရီ ၂ ခုစလုံးသည် မှားယွင်း သည်ဟု ပြောကြား လိုကြောင်းနှင့် တရုတ်နိုင်ငံ သည် အမေရိကန် နိုင်ငံ၏ ကမ္ဘာသို့ လွှမ်းမိုးခြယ်လှယ် လိုမှုအပေါ် စိန်ခေါ်ရန် ရည်ရွယ်ချက် မရှိကြောင်း Zhang က ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

No comments:

Post a Comment