Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

ပါတီစည်းရုံးရေး ခရီးစဉ်တွေ NLD စတင်တော့မည်


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ မကြာခင် ပါတီစည်းရုံးရေး ခရီးစဉ်တွေ စတင်မယ်လို့ ပြောပါတယ်။

ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ရဲ့ ၃ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အန်အယ်လ်ဒီရုံးချုပ်မှာ ဒီနေ့ကျင်းပရာ အောင်နိုင်ရေးအဖွဲ့တွေကို စည်းရုံးရေး လုပ်ငန်းစဉ်တွေ အတွက် အဆင်သင့်ပြင်ဆင်ထားဖို့ တိုက်တွန်းထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ကျနော်တို့ မကြာခင်ဆင်းနိုင်ဖို့ ကြိုးစားနေမယ်၊ ရွေးကောက်ပွဲမကြေညာရင်လည်း ဆင်းသင့်ရင် ဆင်းရမှာပေါ့ ဆုံးဖြတ်ထားပါတယ်၊ မဲဆွယ်စည်းရုံးရေး အကျုံးမဝင်သေးရင် ရိုးရိုးစည်းရုံးရေး ကဏ္ဍပေါ့၊ မဲဆွယ်စည်းရုံးရေး အကျုးဝင်သွားတော့ အဲ့ဒီစည်းမျဉ်းအတိုင်းပေါ့၊ အောင်နိုင်ရေး အဖွဲ့တွေရဲ့လုပ်ငန်းက ရွေးကောက်ပွဲလုပ်ဖို့ကြေညာပြီးရင်နော် အင်နဲ့အားနဲ့ လုပ်ဖို့လိုတယ်၊ အဆင်သင့်ပြင်ထားဖို့ အဲ့ဒါမျိုးတွေ ဆွေးနွေးတာပါ"

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေကို ရပ်ကွက်ကျေးရွာအဆင့်အထိ ဖွဲ့စည်းနိုင်ရေးအတွက်လည်း ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဟာ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အောင်နိုင်ရေးအဖွဲ့ကို ဥက္ကဌအဖြစ် ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံတွေ စတဲ့အဖွဲ့ဝင် ၁၈ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment