Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

ကိုယ့်လို အလှအပကို စိတ်ဝင်စားတဲ့သူတွေအတွက် NASH အွန်လိုင်းရှော့ပင်းလေး လုပ်ဖြစ်တာပါလို့ ဆိုတဲ့ နဒီထွဋ်ဆွေ


အခွေလုပ်ဖို့အတွက် သီချင်း ၂ပုဒ်လောက် သွင်းပြီးမှ အပြင် စီးပွားရေးအနေနဲ့ NASH ဆိုတဲ့ အွန်လိုင်းရှော့ပင်းလေးကို လုပ်ဖြစ်တာကြောင့် ဂီတလှုပ်ရှားမှုတွေ ခေတ္တခဏ ရပ်ထားပါတယ်ဆိုတဲ့ နဒီထွဋ်ဆွေက "ဒီအွန်လိုင်း ရှော့ပင်း လေးကိုစလုပ်ဖြစ်တာက ညီမက Cosmetics တွေ ၀ယ်ရတာဝါသနာပါတယ်။ အ၀တ်အစားတွေကို ကိုယ်ကိုတိုင်လဲကြိုက်တယ်။ ညီမ တခြားနေရာတွေမှာ Cosmetics ၀ယ်ရင် နှစ်ဆ သုံးဆလောက်ပေးရတယ်။ ကိုယ်ကိုတိုင်လဲ ပိုမပေးချင်ဘူး။ အဲ့ဒါကြောင့် ကိုယ်ကိုတိုင်လဲ အဆင်ပြေအောင်၊ လာဝယ်တဲ့သူတွေလဲ ဈေးသက်သက်သာသာနဲ့အဆင်ပြေအောင် ဈေးကို အမြတ်အများကြီး မယူပဲနဲ့ရောင်းပေးတာပါ။ ညီမဆီမှာ ရနိုင်တဲ့ ပစ္စည်းလေးတွေက MAC Cosmetic ၊ NYX ရတယ်။ နောက် အ၀တ်အစား၊ ဖိနပ်၊ Accessories ၊ ဘောင်းဘီ၊ ရေကူးဝတ်စုံတွေလဲရပါတယ်။  ဈေးနှုန်းက ၄၅၀၀ ကနေစပြီး ၂၀၀၀၀ ကျော် သုံးသောင်းလောက်ထိ ရှိပါတယ်။ ဒီအွန်လိုင်း ရှော့ပင်းလေးကို ညီမအစ်မ နှင်းထွဋ်ဆွေရယ်၊ သူ့အမျိုးသားရယ်၊ ညီမရယ်၊ ကိုစည်ဖြိုးရယ် စပ်တူလုပ်ကြတာပါ။ ညီမအလှအပကို ၁၀၀ ရာခိုင်နှုန်း စိတ်ဝင်စားတယ်။ ငယ်ငယ်လေးကတည်းက မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေကို အရမ်း Crazy ဖြစ်တယ်။ တစ်မျိုးပြီးတစ်မျိုး စမ်းသုံးတယ်။ အသစ်ပေါ်လာပြီဆို ၀ယ်ပြီး စမ်းကြည့်တယ်။ Cosmetics ကို မိန်းကလေးတော်တော်များများ ကြိုက်ကြမယ်။ စိတ်ဝင်စားကြမယ်လို့ညီမ ထင်ပါတယ်။ အဲ့ဒါကြောင့်လဲ ဒီအလုပ်ကို လုပ်ဖြစ်ခဲ့တာလဲ ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ၀ါသနာပါတဲ့အလုပ်လုပ်ရတာပိုအဆင်ပြေတာကြောင့်ပါ။"လို့ သူမက ပြောပြသွားပါတယ်။
ဒါ့အပြင် သူမကပဲ "ဒီအလုပ်မလုပ်ခင် ညီမစမ်းသုံးကြည့်တယ်။ ကောင်းတယ်။ သင့်တော်တယ်။ ညီမအသားအရေအတွက်ထိခိုက်မှုမရှိဘူးဆိုရင် ညီမရောင်းတယ်။ ညီမတို့ညီအစ်မနှစ်ယောက်စလုံးက အ၀တ်အစားတွေဆိုလဲ တော်တော်ဝယ်ဖြစ်တယ်။ ဆိုဒ်ကလဲ သိပ်မကွာတော့ သူဝယ်လဲ ကိုယ်ဝတ်လို့ရတယ်။ ကိုယ်ဝယ်လဲ သူဝတ်လလို့ရတယ်ပေါ့။ အဲ့ဒါကြောင့် လုပ်ဖြစ်တယ်။ ဒီအလုပ် မလုပ်ဖြစ်ခင်က ညီမတို့ တော်ဝင်စင်တာက Queen Collection က အမြဲဝယ်ဖြစ်တယ်။ ဒီအလုပ် လုပ်နေတဲ့အတွက် ညီမ အခွေလုပ်ဖို့စီစဉ်နေတာကို ခဏ ရပ်ထားရတယ်။ သီချင်းက နှစ်ပုဒ်လောက်တော့ သွင်းပြီးသွားပြီ။ ဒီအလုပ်အသား ကျသွားရင်တော့ ဂီတဖက်ကို ဆက်လှည့်ဖြစ်မှာပါ"တဲ့။
TREND

No comments:

Post a Comment