သေဒဏ်ပေးခံရတဲ့ ဩဇီနိုင်ငံသား Myuran Sukumaran အကြောင်းက နဲနဲ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့က တကယ်က အိန္ဒိယတောင်ပိုင်းသား ပညာတတ် မိသားစုကလာတာ ဗြိတိန်မှာမွေးပြီး ဩဇီမှာနေတာ။ မျိုးရိုးက ပညာတတ်များတယ်။ သူ့အသိုင်းအဝိုင်းက လူတွေကတော့ Myu လို့ပဲ ခေါ်ကြတယ်။ ဘယ်သူမှ သူက ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ကြဘူး။
သူ့မူးယစ်ဆေးကုန်သွယ်တာတွေ မူးယစ်ကုန်သည်ခေါင်းဆောင် လုပ်နေတာတွေကို သူ့အမေ ရာဂျီကော သူ့မိသားစုကော လုံးဝ မသိဘူး။ သူ့အမေက သူဘာလီသွားတာကို ဒီလိုပဲ သူငယ်ချင်းတွေနဲ့စုပြီး အပျော်ခရီးသွားတယ်ပဲထင်တာ။သူပြန်လာမဲ့နေ့ကို အိမ်မှာ သူကြိုက်တဲ့ ပင်လယ်စာဟင်းချက်ကျွေးမယ်လို့ သူ့အမေက ပြောထားတယ်။ ဒါပေမဲ့ သူ့အမေ သိလိုက်တာက သူ့သားက ဘယ်တော့မှ ပြန်မလာ တော့ ဘူး၊ ဒေါ်လာလေးသန်းတန်တဲ့ မူးယစ်ကုန်သွယ်မှူ့နဲ့ ဘာလီမှာ အဖမ်းခံလိုက်ရတယ်ဆို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်။ ချက်ချင်းပဲ ဘာလီကထောင်ကိုလိုက်သွားတယ်။ ဘာလုပ်ချင်တာလဲဆိုတော့ သားကို ဒေါသထွက်ပြီး ရိုက်ချင်လို့ ဘာလီအထိ လိုက်သွားတာ။ Myuကို တွေ့တာနဲ့ ပါးကို အချက်ပေါင်းများစွာရိုက်ခဲ့တယ်။ ပြီးတော့ သားကိုကြည့်ပြီး မခံစားနိုင်လို့ ဖက်ပြီး ရာဂျီက ငိုရပြန်တယ်။ ဘာလီ အပါအဝင် အင်ဒိုတစ်နိုင်ငံလုံးမှာ ရာဂျီသိတာ တစ်ယောက်မှ မရှိဘူး။ သားဇောနဲ့လာပေမဲ့ ညတိုင်း နေ့တိုင်းက ကူညီမဲ့လူမရှိပဲ အိမ်မက်ဆိုးတွေပဲဖြစ်နေခဲ့တယ်။ အမှူ့ဖြစ်နေတဲ့ ၁၀နှစ်လုံးလုံး သားဆီ မကြာကြာလာခဲ့တယ်။ အငယ်ဆုံးသားလေးက အမေ့စိတ်တိုင်းကျ အကိုဆီကို သွားလည်ဖို့ ကုန်ကျစရိတ်မှန်သမျ စုပြီး ပေးခဲ့တယ်။ Myu ရဲ့မွေးနေ့ ဧပြီ ၁၇ရက်နေ့တိုင်း ရာဂျီက ဩဇီကနေ မရောက်ရောက်အောင် လာပြီး သားအတွက် ပျော်ပါစေတော့ဆိုပြီး မွေးနေ့လုပ်ပေးခဲ့တယ်။ ရာဂျီကိုယ်တိုင်ကတော့ တစ်ရက်မှ မပျော်ခဲ့ဘူး။ ထောင်ထဲရောက်ပြီး ပြောင်းလဲလာတဲ့ Myu အတွက်လဲ သေမိန့်ကများ လွတ်မလားဆိုပြီး ဝမ်းသာခဲ့ရတယ်။ ဒါပေမဲ့ Myu ကို သေဒဏ်ပေးဖို့ အတိအကျကြေငြာလိုက်တာ ရာဂျီကိုယ်တိုင် Myuရဲ့ ၃၄နှစ်မွေးနေ့အတွက် အင်ဒိုမှာရှိနေတဲ့အချိန်ဖြစ်နေတယ်။ ဖြစ်ချင်တော့ တကယ့်ကိုပဲ Myu ရဲ့ ၃၄နှစ်ပြည့်မွေးနေ့ ဧပြီလ ၁၇ရက်နေ့မှာ ကြေငြာလိုက်တာ ဖြစ်နေတယ်။ အဲ့ဒီ မွေးနေ့ပွဲက သူတို့ မိသားစုအတွက် အကြိုနှုတ်ဆက်ပွဲ ဖြစ်သွားတယ်။ သူ့ကြောင့် သူအမေ့စိတ်သောကရောက်ရတာ ဝမ်းနည်းရတာတွေကိုကြည့်ပြီး Myuက ပြင်မရတဲ့ နောင်တတွေ ရခဲ့တယ်။
၂၀၀၅မှာ ထောင်ကျပြီး Myuက တနေ့နေ့မှာ သူက သေဒဏ်ပေးခံရမှာကို သိပေမဲ့ မသေခင် ရတဲ့အချိန်မှာ အများအတွက်ပဲ အသက်ရှင်တော့မယ်လို့ ဆုံးဖြတ်ပြီး ထောင်ကျနေတဲ့ ထောင်သားတွေအတွက် တတ်နိုင်သမျှလုပ်ပေးဖို့ ထောင်အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တယ်။ ထောင်ကလဲ ခွင့်ပြုပြီး သူလုပ်ချင်တဲ့ သင်တန်းတွေ ဦးစီးဦးဆောင်လုပ်ဖို့ ထောင်သားတွေကို ကွပ်ကဲဖို့ တာဝန်ပေးခဲ့တယ်။ သူကိုယ်တိုင်ကကျတော့ အနုပညာဝါသနာပါလို့ ထောင်ထဲကနေပဲ Associate Degree in Fine Artsကို Curtain University မှာတက်ခဲ့တယ်။ ၂၀၁၅ ဖေဖော်ဝါရီမှာမှ ကျောင်းပြီးတာ။ Myuက သူနဲ့တူတူ ထောင်ကျတဲ့ ဩဇီနိုင်ငံသား နောက်တစ်ယောက်နဲ့ပေါင်းပြီး သင်တန်းတွေ လုပ်ခဲ့တယ်။ ကမ္ဘာအရပ်ရပ်က ကျောင်းသား ၁၀၀၀လောက်က သူတို့ ထောင်ကို လာပြီး သူတို့ပေးတဲ့ သင်တန်းတွေ လာတက်ခဲ့တယ်။ ဒီလို သင်တန်းတွေဖွင့်ဖို့ ထောက်ပံ့ကြေးက အင်ဒိုထောင်က ပေးတာ မဟုတ်ဘူး။ Myuရဲ့ အနုပညာ ပန်းချီကားတွေ ဒီဇိုင်းတွေရောင်းပြီး ရှာခဲ့တာ။ ထောင်အပြင်မှာပါ Myuရဲ့ ပန်းချီကားပြခန်းတွေ ပြသခွင့်ရခဲ့တယ်။ သူကိုယ်တိုင်လဲ ရဲအစောင့်တွေနဲ့ ပြပွဲတွေကို တက်ခွင့်ရခဲ့တယ်။ သူ နောက်ဆုံးဆွဲခဲ့တဲ့ ပန်းချီကားက သွေးထွက်နေတဲ့ အင်ဒိုနီးရှားအလံပုံပါ။
Myu ဦးစီးပြီး လုပ်ခဲ့တဲ့ သင်တန်းတွေက
- Introduction to Drawing
- Creative Writing
- Introduction to Film
- Surfboard Design & Repair
- Introduction to Photography
- Computer Skills Courses (Graphic Design, Corel Draw, Adobe Illustrator, Adobe Photoshop, Microsoft Office)
- T-Shirt Design Project
- Fashion Shoot
- Dance Lessons
- Music Lessons
- Indonesia Traditional Music Lessons.
အဲ့ဒီ သင်တန်းတွေအကြောင်းကို youtubeမှာလဲ ကြည့်လို့ရတယ်။
Myuက ထောင်ကျနေတဲ့ သူများတွေနဲ့ယှဉ်ရင် သူလုပ်ပေးခဲ့တာတွေက တော်တော်များပါတယ်။ သူ့ဘဝမှာ အရင်အချိန်တွေတုန်းက အများအတွက် ဘာမှမလုပ်ပေးဖြစ်ခဲ့ဘူး။ အခု ထောင်ထဲရောက်မှ လုပ်ပေးနိုင်တာဆိုပြီး အဲ့လိုလုပ် ပေးနိုင်ခဲ့လို့လဲ သူကိုယ်တိုင်က ဝမ်းသာတယ်လို့ အဆိုးထဲကနေ ကိုယ့်ဘဝကို အကောင်းမြင်ပြီးတော့ Myuက ပြောတယ် ။ဒီလို ၁၀နှစ်အတွင်း ပြောင်းလဲလာတဲ့ အကျိုးတရားတွေကြောင့်လဲ ဩဇီအစိုးရက သူ့တို့ကို သေဒဏ် မကျအောင် ကြိုးစားပေးတာလဲ ဖြစ်မယ်။ လူကောင်းဖြစ်လာပြီမှ သေရမယ်ဆိုတာ နှမြောဖို့ ကောင်းတယ်။ သေဒဏ်မဟုတ်ဘဲ တစ်သက်တစ်ကျွန်းဆိုရင်တောင် ဒီလူတွေက ထောင်ထဲကနေပဲ ဒီထက်ကောင်းအောင် လုပ်သွားကြမှာပဲလေ။
နောက်ဆုံးမှာတော့ သူတို့တွေက Amazing Grace သီချင်းဆိုပြီး အသေခံသွားတယ်။
စောင့်နေတဲ့ ထောင်အပြင်ဘက်က လူတွေလဲ စုပြီး ဒီသီချင်းကိုပဲ ငိုပြီး တူတူဆိုခဲ့ကြတယ်။
Amazing grace! How sweet the sound
That saved a wretch like me.
I once was lost, but now am found,
Was blind but now I see.
Shout, shout for glory,
Shout, shout aloud for glory;
Brother, sister, mourner,
All shout glory hallelujah.
သေနတ်နဲ့ ပြစ်သတ်ခံရပြီး ၂၇ စက္ကန့် မှာပဲ ဘဝတစ်ပါးရောက်သွားကြတယ်။ ကောင်းရာသုဂတိ ရောက်ကြပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့။
အများအကျိုးအတွက် လုပ်လာတဲ့လူတစ်ယောက်မို့ သူ့အတွက် second chance ဆိုတာသာ ရှိခဲ့ရင် …
သူတို့ကို မသတ်ဘဲ ပြစ်ဒဏ်လျှော့ပြီး တစ်သက်တစ်ကျွန်းလောက် လုပ်ခဲ့ရင် …
(မနေ့ညသန်းခေါင်က သူတို့ကို သတ်တဲ့အချိန် Twitterက သတင်းတွေဖတ်ပြီး ရေးထားတာပါ။)
https://www.youtube.com/watch?v=k3JVmemO6R0
@Ei Wai ရဲ့စာကို ကူးယူဖော်ပြပါတယ်
No comments:
Post a Comment