Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

တစ်ကိုယ်တည်းဘ၀ က ပိုအဆင်ပြေတယ် လို့ဆိုတဲ့ Miley Cyrus




ဧပြီလထဲမှာမှ ချစ်သူ Patrick Schwarzenegger နဲ့ လတ်လတ်ဆတ်ဆတ် လမ်းခွဲထားတဲ့ အဆိုတော်မလေး Miley Cyrus ဟာ တစ်ကိုယ်တည်းဘ၀ က ပိုအဆင်ပြေတယ် လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

သူတို့ စုံတွဲဟာ ၅ လခန့်တွဲခဲ့ကြတာဖြစ်ပြီး သူမရဲ့ချစ်သူ Patrick Schwarzenegger ဟာ မက္ကဆီကို မှာ ရောက် ရှိနေစဉ်က ဘစ်ကနီ ၀တ်စုံ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေနဲ့ အတူ တွေ့လိုက်ရတဲ့အတွက် လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

အဆိုတော်မလေး Miley Cyrus ကတော့ လတ်ဗီးဂတ်စ် မှာ ပါတီပွဲတက်ရောက်စဉ်က အမျိုးသားတွေနဲ့ ရော အမျိုးသမီး တွေ နဲ့ပါ နမ်းခဲ့တယ်လို့ သိရပါတယ်။

"အမျိုးသမီးဝါဒီတစ်ယောက်ဖြစ်လာဖို့ လုပ်စရာတွေ အများကြီးရှိပါတယ်။ နောက်ဆုံးမှာ ကျွန်မတစ်ယောက်တည်း နေရတာ အဆင်ပြေပါတယ်။" လို့ Miley Cyrus က Time မဂ္ဂဇင်းကို သူမရဲ့ အချစ်ရေး ခံယူချက်တွေနဲ့ ပတ်သက်ပြီး ဖြေဆိုထားပါသေးတယ်။

ဒါ့အပြင် Miley Cyrus က သူမရဲ့ ဘ၀မှာ ချစ်သူကောင်လေးတွေရော ၊ ကောင်မလေးတွေပါ များစွာ ထားခဲ့ဖူးကြောင်းနဲ့ ကိုယ့်ဘ၀ ကို တစ်ပါးသူတစ်ယောက်စီ တစ်စိတ်တစ်ပိုင်း ခွဲဝေပေးဖို့ ဆန္ဒမရှိကြောင်းတို့ကို ပြောဆိုခဲ့ပြီး ဒါဟာ မိန်းမတစ်ယောက် အတွက် လွတ်လပ်မှု အသစ်တစ်ခုဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

Ref : Starpulse 
http://celebrity.thithtoolwin.com/2015/05/miley-cyrus.html

No comments:

Post a Comment