Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

Michael Douglas နဲ့ ပြန်ပေါင်းထုပ်နေတဲ့ Catherine Zeta-Jones




ပရိတ်သတ်တွေနဲ့ အထိအတွေ့နည်းသွားတဲ့ ဟောလီးဝုဒ် မင်းသမီးကြီး Catherine Zeta-Jones နဲ့ ခင်ပွန်းသည် Michael Douglas တို့ဟာ မနေ့က နယူယော့ခ်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားသို့ အတူတက်ရေက်လာတာကိုတွေ့ရပါတယ်။

အမှန်တစ်ကယ်ကတော့ Catherine Zeta-Jones နဲ့ Michael Douglas တို့ဟာ ၂၀၁၃ ခုနှစ်မှာ တရားဝင်ကွာရှင်းခဲ့ကြပြီး ဇန်န၀ါရီလမှာ ၂ ယောက်အတူ တကွ ပွဲတက်လာတာကို တစ်ခါတွေ့ခဲ့ရဖူးပါတယ်။

အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ Catherine Zeta-Jones ဟာ အနက်ရောင် ပွဲတက်ဝတ်စုံကို ၀တ်ဆင်လာကာ Morgan Freeman ရဲ့အနားမှာ သူတို့ စုံတွဲဟာ ဓါတ်ပုံအရိုက်ခံခဲ့တယ်လို့ သိရပါတယ်။ သူတို့ လင်မယား ဟာ ကွာရှင်းလိုက်ကြပြီလို့ ဆိုပေမယ့်လည်း Wall Street ဇာတ်လမ်းရဲ့ မင်းသားဖြစ်တဲ့ Michael Douglas ကတော့ သူတို့ ၂ ယောက်ဟာ အရင် လို ပြန်ပေါင်းထုပ်နေကြပြီလို့ဆိုထားပါတယ်။

"ကျွန်မဒီမနက် ဒီနေရာမှာ ကျွန်မ ယောကျာင်္းနဲ့ တူတူရှိနေရတာပျော်ပါတယ်။တိတိကျကျထပ်ပြောရရင် ကျွန်မ ဒီမှာ ကျွန်မ ယောကျာင်္းနဲ့ တူတူရှိနေရတဲ့အတွက် အရမ်းပျော်ပါတယ်" လို့ Catherine Zeta-Jones က ဆိုပါတယ်။

အသက် ၇၀ ရှိနေပြီဖြစ်တဲ့  Michael Douglas ဟာ ၂၀၀၀ ခုနှစ်မှာ လျှာကင်ဆာ ဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ လင်မယားမှာတော့ အသက် ၁၄ နှစ်အရွယ် သားလေး Dylan နဲ့ အသက် ၁၀ နှစ်အရွယ် သမီးလေး Carys ဆိုတဲ့ သားသမီးတွေရှိနေပါတယ်။

Michael Douglas နဲ့ Catherine Zeta-Jones တို့အား ၂၀၁၃ ခုနှစ်က တွေ့ရစဉ်


Ref : Mirror 
 http://celebrity.thithtoolwin.com/2015/05/michael-douglas-catherine-zeta-jones.html

No comments:

Post a Comment