ဝါရှင်တန် ၊ ၂-၅-၂၀၁၅
အာကာသတွင် ဆယ်စုနှစ် တစ်စု ထက်မနည်း တာဝန် ထမ်းဆောင် ခဲ့ပြီး အင်္ဂါဂြိုဟ်ကို လေးနှစ်ထက် မနည်း လှည့်ပတ်စူးစမ်း လေ့လာ ခဲ့သော နာဆာပိုင် Messenger စူးစမ်း လေ့လာရေး အာကာသယာဉ် သည် ဧပြီ ၃ဝ ရက် နေ့လယ်ပိုင်းက အင်္ဂါဂြိုဟ် ပေါ်သို့ ထိုးဆင်းကာ ဖောက်ခွဲ ဖျက်ဆီး လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အင်္ဂါဂြိုဟ် ပေါ်သို့  ၂ဝ၁၁ ခုနှစ်တွင် ရောက်ရှိ ခဲ့သော Messenger သည် အင်္ဂါဂြိုဟ်ကို တစ်နှစ်သာ လှည့်ပတ် စူးစမ်း လေ့လာရန် မူလက သတ်မှတ် ခဲ့သော်လည်း သတ်မှတ် ကာလထက် များစွာ ကျော်လွန် လုပ်ကိုင် နိုင်ခဲ့ခြင်း ဖြစ်ပြီးဧပြီ ၂၄ ရက်က နောက်ဆုံး လောင်စာ ကုန်ခန်း သွားသဖြင့် အမြင့်ပေ တဖြည်းဖြည်း နိမ့်ကျလာကာ အင်္ဂါဂြိုဟ် မြောက်ဝင်ရိုးစွန်း ပေါ်သို့ တစ်နာရီလျှင် ၈၇၅ဝ မိုင်နှုန်းဖြင့် ထိုးကျ သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Messenger သည် အကျယ် သုံးမီတာ၊ အလေးချိန် ၅၁၃ ကီလိုဂရမ် ရှိသော်လည်း အသံထက် သုံးဆမြန်သော အလျင်ဖြင့် ထိုးဆင်းခဲ့ခြင်း ဖြစ်သည့် အတွက် အင်္ဂါဂြိုဟ်ပေါ်တွင် အနက် ၁၆ မီတာ အနည်းဆုံး ရှိမည့် ချိုင့်ကြီးကို ဖြစ်စေနိုင်သည်။ အင်္ဂါဂြိုဟ်၏ လေထု ပတ်ဝန်းကျင်သည် ထုထည်အားဖြင့် ထူထဲမှု မရှိသောကြောင့် Messenger ၏ အရှိန်ကို သတ်ပေးနိုင်ခြင်း မရှိခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် အင်္ဂါဂြိုဟ် သည် ဥက္ကာပျံများ ထိုးကျမှုကို မကြာခဏ ကြုံရလေ့ ရှိကြောင်း၊ ဥက္ကာပျံ များသည် ယခု Messenger အလျင်ထက် ၁ဝ ဆခန့် ပို၍မြန်ဆန်သော အလျင်ဖြင့် ထိုးဆင်းလေ့ ရှိကြောင်း သိရသည်။
ဖော်ပြခဲ့သည့် အတိုင်း Messenger သည် မူလလုပ်ငန်း တာဝန်ထက် အဆပေါင်း များစွာပိုသော လေ့လာမှုများကို သက်တမ်း နှစ်ကြိမ်တိုင်တိုင် တိုးကာ ဆောင်ရွက်ခဲ့ရာ အင်္ဂါဂြိုဟ်နှင့် ပတ်သက်၍ ပြည့်စုံသော သတင်း အချက်အလက် များကို ပေးပို့ နိုင်ခဲ့ပြီး ဓာတ်ပုံပေါင်း ၂၇ဝဝဝဝ နှင့် သိပ္ပံ အချက်အလက် ၁ဝ တာရာဘိုက်ခန့် ပေးပို့နိုင် ခဲ့ကြောင်း သိရသည်။
Messenger သည် အင်္ဂါဂြိုဟ် ၏ အရိပ်ကျသော ဝင်ရိုးစွန်း ချိုင့်ဝှမ်းကြီး များတွင် ရေကို အခဲအသွင် ဖြင့် တွေ့ရှိခဲ့ကြောင်း အင်္ဂါဂြိုဟ် ၏ သံလိုက် စက်ကွင်းသည် ဂြိုဟ် ဗဟိုကို အခြေပြုခြင်း မဟုတ်သည့် ထူးခြားချက်ကို လည်း တွေ့ရှိခဲ့ကြောင်း၊ သံလိုက် စက်ကွင်းသည် အင်္ဂါဂြိုဟ်၏ ဝင်ရိုးအတိုင်း ရွေ့လျား နေလေ့ ရှိကြောင်း တွေ့ရှိခဲ့သည်။
Messenger သည် အင်္ဂါဂြိုဟ်ကို ဂြိုဟ်အချင်း ပမာဏ၏ နှစ်ဆ ကွာဝေးသော ဘဲဥပုံ သဏ္ဌာန် ပတ်လမ်းအတိုင်း လှည့်ပတ် နေခြင်းဖြစ်ပြီး စူးစမ်း လေ့လာမှုများ အတွက် မိုင် ၆ဝ အနီးသို့ ကပ်ရန် လိုအပ်တိုင်း အင်ဂျင်ပါဝါ လိုအပ်လေ့ ရှိပြီး ကာလ အနည်းငယ်လျှင် တစ်ကြိမ် အင်ဂျင်ကို နှိုးရလေ့ရှိပြီး ယခု နောက်ဆုံး အကြိမ်နှိုးပြီး သည့်နောက် လောင်စာဆီ မကျန်ရှိ တော့သည့် အတွက် အင်္ဂါဂြိုဟ်ပေါ်သို့  ထိုးဆင်းခဲ့ ရခြင်း ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment