Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

မင်းသား မဖြစ်ခင်က McDonald မှာ အလုပ်လုပ်ခဲ့တဲ့ အကြောင်းတွေ ပြန်ပြောပြခဲ့တဲ့ James Fransco


James Fransco ဟာ ရုပ်ရှင်နဲ့ တီဗွီ အစီအစဉ်ကြယ်ပွင့် တစ်ယောက်ဖြစ်လာခဲ့ပေမယ့် အရင်တုန်းကတော့ သူဟာ အရမ်း မအောင်မြင်ခဲ့ပါဘူး။ သူ အောက်ခြေကနေ တစ်ဆင့်ချင်း စခဲ့ပါတယ်။
James Fransco ဟာ ၁၉၉၆ ခုနှစ်မှာ ကောလိပ်ကျောင်းက ထွက်ခဲ့ပြီး လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ McDonald စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်းနဲ့ သူ့ရဲ့ မင်းသားဖြစ်လာဖို့ အိပ်မက်တွေကို အကောင်အထည် ဖော်ခဲ့ရသူ တစ်ယောက်ဖြစ်ပါတယ်။
ကြာသပတေးနေ့က ထုတ်ဝေခဲ့တဲ့ The Washington Post သတင်းစာထဲမှာ James Fransco က McDonald မှာ အလုပ်လုပ်စဉ်က အကြောင်းတွေကို ပြောပြထားပြီး သူ့မှာ ပျော်စရာကောင်းတဲ့ အတွေ့အကြုံရှိခဲ့တယ် ဆိုတာကို သိခဲ့ရပါတယ်။
“ကျွန်တော်ဟာ ညဘက် ကားနဲ့မှာယူရတဲ့ Drive-Thru ရာထူးမှာ အလုပ် စလုပ်ပါတယ်။ ကျွန်တော် ခရမ်းရောင် ယူနီဖောင်းကို ၀တ်ဆင်ခဲ့ရတယ်။ မကြာခင်မှာပဲ ကျွန်တော် ၀ယ်ယူသူတွေနဲ့ ဟန်ဆောင် ဆက်ဆံ ပြပြီး ကျွန်တော့်ရဲ့ သရုပ်ဆောင်ပညာ သင်ကြားရေးကို စခဲ့ပါတယ်” လို့ James Fransco က ဆိုပါတယ်။
ဒါ့အပြင် James Fransco က McDonald ဆိုင်မှာ အလုပ်မခင်က အသားမစားတတ်ပဲ အသီးအရွက်သာ စားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် McDonald မှာ အလုပ်ရပြီးတော့မှ အသားကို နှစ်သက်စွာ စားတတ်သွားကြောင်း ပြောပြပါတယ်။
သူဟာ အလုပ်လုပ်နေစဉ်မှာလည်း အာလူးကြော်တွေ နှိုက်စားဖူးတယ်လို့ ၀န်ခံသွားပါသေးတယ်။
“ကျွန်တော် ခိုးကြောင်ခိုးဝှက် လုပ်ရတာ မကြိုက်ပါဘူး။ ဒါပေမယ့် ၀န်ထမ်းအားလုံးဟာ ကျွန်တော်ရဲ့ အာလူးကြော် ဗန်းထဲကနေ လမ်းဖြတ်လျှောက်ရင်း နှိုက်စားသွားကြပါတယ်။ အရမ်းလွယ်ပါတယ်။ ကျွန်တော်လည်း အာလူးကြော်တွေမှာ အချဉ်ရည်ပါထည့်ပြီး စားလိုက်ပါတယ်။” လို့ McDonald မှာ အလုပ်လုပ်စဉ်က အကြောင်းတွေကို James Fransco က ပြောပြခဲ့ပါတယ်။
Ref:elitedaily
http://www.trend.com.mm/2015/05/08/hollywood-6556

No comments:

Post a Comment