Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

မိန်းကလေးတွေကို သူမရဲ့ ဖျော်ဖြေရေးပွဲအတွင်း ၀င်ခွင့်မပြုခဲ့တဲ့ Mariah Carey




သိပ်မကြာသေးခင်ကပဲ Nick Cannon နဲ့ ကွာရှင်းခဲ့တဲ့ ပေါ့ပ် အဆိုတော် Mariah Carey ဟာ သူမရဲ့ လတ်စ်ဗီးဂတ်စ် ဖျော်ဖြေရေးပွဲကို မေလ ၆ ရက်နေ့က လတ်စ်ဗီးဂတ်စ် မှာရှိတဲ့ Colosseum ခန်းမမှာ ကျင်းပခဲ့ပြီး သူမရဲ့ ဖျော်ဖြေရေးပွဲ ၀င်ခွင့်ကိုတော့ ၀ယ်လိုအား ပိုများလာစေမယ့် နည်းလမ်းတစ်ခု အသုံးချခဲ့တယ်လို့ သိရပါတယ်။

အဲဒါကတော့ Mariah ဟာ သူမရဲ့ ဖျော်ဖြေရေးပွဲကို မိန်းကလေးတွေဝင်ခွင့်မပေးခဲ့သလို မိန်းကလေး ဖျော်ဖြေရေးသမားတွေလည်း မပါဝင်စေခဲ့ပါဘူး။ ယောကျာင်္းလေးပရိတ်သတ်တွေကို သာ ၀င်ခွင့်ပေးခဲ့ပြီး အားလုံးရဲ့ အကြည့်တွေက သူမဆီမှာ ရှိနေစေဖို့ အခုလို လုပ်ခဲ့တာဖြစ်တယ်လို့ Mariah နဲ့ နီးစပ်သူတစ်ဦး ကဆိုပါတယ်။

ဒါ့အပြင် သူမရဲ့ အနောက်က အက အဖွဲ့မှာလည်း ယောကျာင်္းလေးတွေပဲ သုံးခဲ့ပြီး ထိုယောကျာင်္းလေးတွေကိုလည်းသူမထက် အသားအရောင် မှိန်ဖျော့ပြီး ဆွဲဆောင်မှု မရှိနိုင်တဲ့ သူတွေကိုသာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ အဲဒါကတော့ အခမ်းအနားတစ်ခုလုံးမှာ သူမသာလျှင်အထင်ပေါ်ဆုံး ဖြစ်နေစေဖို့ ဖြစ်တယ်လို့ ထို နီးစပ်သူက ပဲ ပြောပြခဲ့ပါတယ်။

ဒါတင်မကသေးပဲ သူမမှာ ၂၄ နာရီ ၇ ရက်လုံး အလုပ်လုပ်ပေးရတဲ့ သီးသန့် ဒရိုင်ဘာ တစ်ယောက်လည်း ထားရှိထားပြီး ထို ဒရိုင်ဘာ တစ်ယောက်သာ သူမနဲ့ တိုက်ရိုက်စကားပြောခွင့်ရှိတယ် လို့ သိရပါတယ်။ ဘယ် ပစ္စည်းပဲကိုင်ကိုင် လက်သန့်ဆေးနဲ့ လက်ဆေးတတ်တယ်ဆိုတဲ့ Mariah Carey ဟာ သူမရဲ့ အနားမှာ ဆေးလိပ်လာသောက်ခြင်းကို တားမြစ်ပြီး သူမအတွက် ဆေးဖက်ဝင် လက်ဖက်ရည် ကို လိုသလောက် မှာထားပေးရတယ်လို့ လည်း သိရပါတယ်။

Ref : LifeandStyleMag 
http://celebrity.thithtoolwin.com/2015/05/mariah-carey.html

No comments:

Post a Comment