Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 1, 2015

မြန်မာ့တပ်မတော်လေက (KNU) နယ်မြေအတွင်းဗုံးကြဲ


မြန်မာ့တပ်မတော်လေက (KNU) နယ်မြေအတွင်းဗုံးကြဲ မှုနှင့်ပတ်သက်ပြီး ကေအင်န်ယူအတွင်းရေးမှူး(၁)ဖဒိုစောသောသီဘွဲနှင့်အင်တာဗျူး https://www.youtube.com/watch?v=JTyvJChA-TM
Posted by The Melting Pot 4 U on Friday, 1 May 2015

ပုံစာ - ပဒိုစောသောသီဘွဲ ---- တွဲဘက်အတွင်းရေးမှူး (၁) ကရင်အမျိုးသားစည်းအရုံး (KNU)
မေ - ၁ - ၂၀၁၅

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာအနီးရှိ ယော်လို တွင် မြန်မာ့တပ်မတော်လေက ဗုံးကြဲချမှုနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) က ကန့်ကွက်ပြောဆိုလိုက်သည်။

အဆိုပါ ဗုံးကြဲချမှုကို ယနေ့နှင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ၇ ရက်နေ့ထိ ဆက်လက်ပြုလုပ်သွားရန်ရှိကြောင်း သတင်းရရှိထားသည်ဟု (KNU) တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲကပြောသည်။

၎င်းက လက်ရှိနိုင်ငံရေး အခင်းအကျင်း အနေအထားများအရ ဗုံးကြဲချမှုများသည့် မလုပ်သင့်မဖြစ်သည့်သည့် အနေအထားများ ဖြစ်သည်ဟုလည်း ပဒိုစောသောသီဘွဲက ဖြည့်စွက်ပြောဆိုသည်။

မြန်မာစစ်တပ်ဘက်ကမူ အဆိုပါ ဗုံးကြဲချမှုသည် တပ်မတော်လေမှ စစ်ရေးလေ့ကျင့်မှုသာ ဖြစ်သည်ဟု ဒေသခံရွာသားများကို ပြောဆိုသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၂ ဌာနချုပ်သည် တောင်ငူခရိုင်အတွင်း တည်ရှိသည်။

သတင်းနှင့်ရိုက်ကူး - ကရင်အမျိုးသား(မီဒီယာ)
https://www.facebook.com

No comments:

Post a Comment