Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

Jennifer Lopez စေ့စပ်ထားပြီးပြီလား?




ဒီဇင်ဘာလထဲမှာ J.Lo တစ်ကယ်လက်ထပ်တော့မှာလား?


တနလာင်္နေ့ညက ဟောလီးဝုဒ် အကျော်အမော်တွေနဲ့ အဆိုတော် တွေ အားလုံးတက်ရောက်ခဲ့တဲ့ Met Gala ဖက်ရှင် ပွဲတော် အပြီးမှာ ပေါ့ပ် အဆိုတော် Jennifer Lopez ရဲ့ စေ့စပ်ထားတဲ့ ကောလာဟလ တွေ ထွက် ပေါ် လာခဲ့ပါတော့တယ်။

အကြောင်းအရင်းကတော့ အဲဒီနေ့က ပွဲတက်လာတဲ့ Jennifer Lopez ရဲ့ ဘယ် ဘက်လက်မှာ စေ့စပ် လက်စွပ် လို့ ထင်မှတ် ရတဲ့ စိန် လက်စွပ် တစ်ကွင်းကို ၀တ်ဆင်ထားလို့ပါပဲ။

၂၀၁၁ ခုနှစ်မှာ လူသိရှင်ကြား စတွဲခဲ့ကြတဲ့ Jennifer Lopez နဲ့ နောက်ကွယ် က အကပညာရှင် Beau Casper Smart တို့ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လမ်းခွဲ လိုက်ပြီ ဖြစ်တယ်လို့ တရားဝင် ပြောလိုက်ကြ ပြီး ပြီးခဲ့တဲ့ လကလည်း E! News ကို J.Lo က သူမ မှာ ချစ်သူ မရှိကြောင်း Single တစ်ယောက် ဖြစ်ကြောင်းတွေကို ဖြေဆိုထားပါသေးတယ်။

သူတို့ စုံတွဲ ဟာ လမ်းခွဲပြီးတဲ့နောက်မှာလည်း မကြာခဏ အတူတွေ့ရတတ်ပြီး J.Lo က ဒီနှစ်ထဲ ထွက်ရှိခဲ့တဲ့ သူမရဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Home နဲ့ The Boy Next Door ဇာတ်လမ်းတွေကြောင့် သူတို့ရဲ့ အချစ်ရေးကို ပြန်လည် ဖုံးကွယ်နေတာလည်းဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ လကတော့ Life & Style မဂ္ဂဇင်း က J.Lo ဟာ ဒီဇင်ဘာလ ထဲမှာ လက်ထပ်ဖို့အတွက် ဒေါ်လာ ၃ သန်းတန် မင်္ဂလာဆောင် တစ်ခု ကျင်းပဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလ ကို စတင် ဖော်ပြခဲ့ပါတယ်။

မည်သို့ပင် ဖြစ်လာပါစေ ၊ J.Lo ရဲ့ Met Gala ပွဲတော် ကို တက်ရောက်ခဲ့တဲ့ ဖက်ရှင်ကတော့ ပရိတ်သတ် တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Ref : Starpulse 
http://celebrity.thithtoolwin.com/2015/05/jennifer-lopez.html

No comments:

Post a Comment