In the video, the boy who appears to have a western appearance can be seen loading a gun shortly before he carried out the killing. |
Jihadi John Junior: ISIS executioner is lad of 14 A VIDEO showing the execution of an alleged spy by a ‘“mini Jihadi John” has been released by Islamic State. |
လန်ဒန် ၊ ၅-၅-၂၀၁၅
အီရတ်သူလျှို ဟု စွပ်စွဲခံထားရသူ တစ်ဦးကို ဆယ်ကျော်သက် အရွယ် စစ်သွေးကြွ တစ်ဦးက ကွပ်မျက် နေသည့် ဗီဒီယိုပြကွက် ကို ISIS စစ်သွေးကြွ အဖွဲ့က ထုတ်ဖော်ပြသ လိုက်ကြောင်း ဗြိတိန် သတင်းစာ တစ်စောင်၌ ယမန်နေ့တွင် ဖော်ပြ လိုက်သည်။
အဆိုပါ ဗီဒီယို ပြကွက်တွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ် တစ်ဦးက သူလျှိုဟု စွပ်စွဲခံထား ရသူကို ဒူးထောက်ရန် စေခိုင်းခဲ့ပြီး ၄င်းကို သေနတ်ဖြင့် သုံး လေးချက် ဆက်တိုက် ပစ်ခတ်ခဲ့ပုံကို ဖော်ပြထားသည်။ အဆိုပါ ကလေးငယ်သည် အနောက် နိုင်ငံသား တစ်ဦး အသွင်သဏ္ဍာန် ရှိပြီး စစ်သွေးကြွများ အပေါ် တိုက်ခိုက်လျက် ရှိသည့် အမေရိကန် ၊ ရုရှား နှင့် ဥရောပ နိုင်ငံများ အပေါ် လက်စားချေ တုံ့ပြန်သွား မည်ဟု အာရေဗျ ဘာသာဖြင့် ဖော်ပြခဲ့ကြောင်း သတင်းစာ ၏ ဖော်ပြချက် အရ သိရသည်။
သို့ရာတွင် ယင်း ဗီဒီယို ပြကွက်မှာ ပြန်လည် တည်းဖြတ် ထားခြင်းကြောင့် သူလျှိုဟု စွပ်စွဲခံထားရသူ ကို ယင်း ကလေးငယ်က ပစ်ခတ် ခဲ့သည်မှာ အစစ်အမှန် ဟုတ် - မဟုတ် နှင့် စပ်လျဉ်း၍ လုံခြုံရေး ဆိုင်ရာ အထူး ကျွမ်းကျင်သူ များက သံသယ ဖြစ်လျက် ရှိကြောင်း သတင်းစာတွင် ဆက်လက် ဖော်ပြ ထားသည်ဟု သိရှိရသည်။
#PyiChitThar
No comments:
Post a Comment