Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

IS ခေါင်းဆောင်ရဲ့ အသံသွင်းမိန့်ခွန်း ထွက်ပေါ်လာ

Abu Bakr al-Baghdadi တစ်ယောက် လေကြောင်း တိုက်ခိုက်မှု တစ်ခု အတွင်း အပြင်းအထန် ဒဏ်ရာ ရသွားပြီ ဆိုတဲ့ သတင်း ထွက်ပေါ် ခဲ့တဲ့ နောက်ပိုင်းမှ စတင်လာခဲ့တဲ့ ယီမင် နိုင်ငံထဲမှာ ဆော်ဒီအာရေဗျ ဦးဆောင် ပြုလုပ် နေတဲ့ စစ်ရေး ဆောင်ရွက်ချက် တွေ အကြောင်းလဲ ဒီ အသံသွင်း မိန့်ခွန်း ထဲ မှာ ပါဝင်ပါတယ်။
Abu Bakr al-Baghdadi တစ်ယောက် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း အပြင်းအထန် ဒဏ်ရာ ရသွားပြီ ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့တဲ့ နောက်ပိုင်းမှ စတင်လာခဲ့တဲ့ ယီမင်နိုင်ငံထဲမှာ ဆော်ဒီအာရေဗျ ဦးဆောင် ပြုလုပ်နေတဲ့ စစ်ရေး ဆောင်ရွက်ချက်တွေ အကြောင်းလဲ ဒီ အသံသွင်း မိန့်ခွန်းထဲမှာ ပါဝင်ပါတယ်။

အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS ခေါင်းဆောင်ရဲ့ အသံသွင်း မိန့်ခွန်းဆိုပြီး IS အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အီရတ်နဲ့ ဆီးရီးယားတို့ မှာ ကြေညာထားတဲ့ အစ္စလာမ်မစ် နိုင်ငံ ခါလီဖိတ်အတွက် နေရာတိုင်းမှာ ရှိတဲ့ မွတ်ဆလင်မ်တွေ အနေနဲ့ တိုက်ခိုက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒီ မိန့်ခွန်းဟာ Abu Bakr al-Baghdadi ရဲ့အသံ အစစ်အမှန် ဟုတ်မဟုတ် စမ်းစစ်မှုတွေတော့ မပြုလုပ်ရသေးပါဘူး။

တခါ၊ ဆီးရီးယားနိုင်ငံရဲ့ ရှေးဟောင်း အမွေအနှစ်မြို့ ဖြစ်တဲ့ ပါလ်မိုင်းယားသာ IS တွေ လက်ထဲ ကျရောက်သွားမယ်ဆိုရင် ယဉ်ကျေးမှု လက်ရာပစ္စည်းတွေ အဖျက်စီးခံရတော့မယ် ဆိုပြီး ဆီးရီးယားရဲ့ ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ အကြီးအကဲက သတိပေးလိုက်ပါတယ်။

ပါလ်မိုင်းယားဟာ အရှေ့အလယ် ဒေသတွင်း အကြီးကျယ် အခမ်းနားဆုံး ရှေးဟောင်း အမွေအနှစ်တွေထဲ ပါဝင်ပြီး ယူနက်စကိုကလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နေရာတစ်ခု အဖြစ် အသိအမှတ် ပြုထားပါတယ်။

အခုဆိုရင် IS တွေဟာ ပါလ်မိုင်းယား အနီးက ကျေးရွာ တစ်ခုကို စီးနင်းခဲ့ကြပြီး အရပ် ၂၀ ကျော်ကို ခေါင်းဖြတ် သတ်တာ အပါအဝင် သတ်ဖြတ်ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

IS အဖွဲ့ဟာ အီရတ်နိုင်ငံထဲမှာ သူတို့ သိမ်းပိုက်ခဲ့တဲ့ ရှေးမြို့တော်တွေရဲ့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ် ပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြပြီး ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment