Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

IS အဖွဲ့သို့ သွားရောက်ခဲ့သော ဗြိတိန်ကျောင်းသူ သုံးဦး ပြန်လည်ထွက်ပြေးလာဟု ဆို



 IS အဖွဲ့သို့ သွားရောက်ခဲ့သော ဗြိတိန်ကျောင်းသူ သုံးဦး ပြန်လည်ထွက်ပြေးလာဟု ဆို
13, May 2015
Total View : 555
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဆီးရီးယားက IS စစ်သွေးကြွတွေကို လက်ထပ်ဖို့ ရည်ရွယ်ချက်နဲ့ ဗြိတိန် ဆယ်ကျော်သက် သုံးဦးရဲ့ သတင်းဟာ နှစ်လကျော်လောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် IS အဖွဲ့ အခြေစိုက်တဲ့ ဆီးရီးယားက မူဆိုမြို့က လာတဲ့ သတင်းတွေအရ ဒီကျောင်းသူ သုံးယောက်ဟာ ခုချိန်မှာ IS အဖွဲ့ကနေ ပြန်လည်ထွက်ပြေးသွားခဲ့ပြီး IS စစ်သားတွေက သူတို့ကို ဖမ်းဆီးဖို့အတွက် လိုက်လံရှာဖွေနေ တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီကျောင်းသူ သုံးယောက်က အရှေ့လန်ဒန်ကနေ ဆီးရီးယားကို ဖေဖော်ဝါရီလမှာ သွားရောက်ခဲ့တဲ့ ကျောင်းသူတွေလားဆိုတာ အတည်မပြုနိုင်သေးပါဘူး။ ရှမီမာဘီဂန်၊ အာမီရာအဘေ့စ်နဲ့ ကာဒီဇာဆူတာနာ ဆိုတဲ့ ဗြိတိန်က ကျောင်းသူ သုံးယောက်ဟာ ဘက်နယ်ဂရင်းအကယ်ဒမီက ကျောင်းသူတွေ ဖြစ်ပြီး ဖေဖော်ဝါ ရီမှာ တူရကီကမှ တဆင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ဆီးရီးယားကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက သူတို့သုံးယောက်ရဲ့ သူငယ်ချင်း ၁၅ နှစ်အရွယ် ကျောင်းသူတစ်ယောက်က ဆီးရီးယားကို သွားရောက်ခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်လည်း ထပ်မံ လိုက်ပါသွားခဲတာ ဖြစ်ပါတယ်။

ဆီးရီးယားနဲ့ အီရတ် မှာ ရှိတဲ့ IS အဖွဲ့တွေဆီ သွားရောက်ပူးပေါင်းခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၆၀၀ နီးပါးလောက် ရှိနေတယ်ဆိုပေမယ့် ဒီကိစ္စကို နောက်ထပ် အသေအချာ ပြောနိုင်ခြင်း မရှိသေးပါဘူး။ မူဆိုအိုင်းဆိုတဲ့ နာမည်နဲ့ အီရတ်မှာ ဘလော့ဂါ တစ်ယောက်လုပ်နေတဲ့ သူတစ်ဦးကတော့ ဗြိတိန်ဆယ်ကျော်သက် သုံးဦးဟာ မေလ ၂ ရက်ကတည်းက IS အဖွဲ့ကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်ပြီး ခုချိန်မှာ သူတို့ က လွတ်မြောက်နေပြီဖြစ်တယ်တဲ့ သူ့ရဲ့ ဖေ့ဘွတ် အကောင့်မှာ ဖော်ပြထားပါတယ်။

Ref - Dailymail
http://www.planet.com.mm/detail/27770/World

No comments:

Post a Comment