Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 20, 2015

Inmarsat ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်မည့် အစီအစဉ်ကို လပေါင်းများစွာ ရွှေ့ဆိုင်း





လန်ဒန် ၊ ၂၀-၅-၂၀၁၅

မကြာသေးမီက ရုရှား လွှတ်တင်ခဲ့သော ပရိုတွန် ရော့ကက်ဒုံးကျည် ပျက်ကျခဲ့ပြီး နောက် မိမိတို့ ဂြိုဟ်တု လွှတ်တင်မည့် အစီအစဉ်ကို လပေါင်းများစွာ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး ဂြိုဟ်တုများ လွှတ်တင် သွားရန် စီစဉ်နေသည့် Inmarsat ဆက်သွယ်ရေး ဂြိုဟ်တု ဝန်ဆောင်မှု အော်ပရေတာ မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

လန်ဒန် အခြေစိုက် Inmarsat ကုမ္ပဏီသည် Global Xpress (GX) ဆက်သွယ်ရေး ဂြိုဟ်တုကွန်ရက် သစ်ကြီးကို တည်ဆောက် နိုင်ရန် ဂြိုဟ်တုများ လွှတ်တင်လျက် ရှိရာ ဂြိုဟ်တု နှစ်လုံးကို အောင်မြင်စွာ လွှတ်တင်ခဲ့ပြီး ဖြစ်သည်။ ယခု တတိယမြောက် ဂြိုဟ်တု လွှတ်တင်လု ဆဲဆဲတွင် ရုရှားလုပ် ပရိုတွန်ဒုံးကျည်တစ်စီး ပျက်ကျ ခဲ့သောကြောင့် ၄င်း အမျိုးအစားတူ ဒုံးကျည်ကို အသုံးပြုကာ ဂြိုဟ်တု လွှတ်တင်မည့် မိမိတို့ အစီအစဉ် ကိုလည်း ရွှေ့ဆိုင်းရခြင်း ဖြစ်ကြောင်း သိရသည်။

'' Inmarsat ရဲ့တတိယမြောက် GLobal Xpress ဂြိုဟ်တုကို လွှတ်တင်ဖို့ အသင့်ဖြစ် နေချိန်မှာပဲ ဒုံးကျည်တွေကို ပြန်လည် စစ်ဆေးဖို့ လနဲ့ချီ ရက်ရွှေ့ဆိုင်း ထားပါတယ်။ ဒုံးကျည် ပျက်ကျရတဲ့ အကြောင်းရင်း ကို စုံစမ်းစစ်ဆေး နေတဲ့အဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာမှ ကျွန်တော်တို့ ဘာဆက်လုပ် ရမယ်ဆိုတာကို ဆုံးဖြတ် သွားပါမယ် .. '' ဟု ၄င်းက ပြောကြားသည် ရုရှားလုပ် ပရိုတွန် ဒုံးကျည်များသည် ယခင်ကလည်း အကြိမ်ကြိမ် ချို့ယွင်းခဲ့ဖူးေ လရာ GX ကုမ္ပဏီ တစ်ခုတည်း ကပင် ပရိုတွန်ဒုံးကျည် ချို့ယွင်းမှုကြောင့် အာကာသ လုပ်ငန်းများ ရွှေ့ဆိုင်းခဲ့ ရသည်မှာ သုံးကြိမ်မြောက်ပြီ ဖြစ်ကြောင်း ကမ္ဘာ့ အကြီးဆုံး မိုဘိုင်းဂြိုဟ်တု ဝန်ဆောင်မှု အော်ပရေတာ Inmarsat က ပြစ်တင် ပြောကြားသည်။

Global Xpress (GX) ကွန်ရက်တွင် ကမ္ဘာလုံးအနှံ့ ကွန်ရက် လွှမ်းခြုံနိုင်ရန် ဂြိုဟ်တု အနည်းဆုံး သုံးလုံး လိုအပ်ပြီး ဂြိုဟ်တုတစ်လုံး ကို တပ်ဆင် လွှတ်တင်ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ထက်မနည်း ကုန်ကျလေ့ ရှိကြောင်း၊ စီမံကိန်း အောင်မြင်သွားလျှင် လေယာဉ်၊ သင်္ဘော၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ရုပ်သံလွှင့် ကုမ္ပဏီများ အတွက် ဆက်သွယ်ရေး ကိုပိုမို တိုးတက် ကောင်းမွန်စေမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ် ဒီဇင်ဘာနှင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ တို့တွင် I-5 ဂြိုဟ်တု နှစ်လုံးကို ပရိုတွန်ဒုံးကျည် များဖြင့် အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ပြီး တတိယမြောက် ဂြိုဟ်တုကို ဘိုင်ကို နျူဒုံးလွှတ်စင် တွင် အသင့်ပို့ဆောင် ထားပြီးဖြစ်ကာ နောက်လတွင် ပတ်လမ်းထဲသို့ လွှတ်တင်ရန် စီစဉ် ထားရှိကြောင်း သိရသည်။

လတ်တလောတွင် Inmarsat က မူလ လွှတ်တင်ပြီး ဂြိုဟ်တု နှစ်လုံးဖြင့် လွှမ်းခြုံနိုင်သော ကွန်ရက်များကို စတင် အသုံးပြု နေပြီဖြစ်ရာ ဧပြီလက လှုပ်ခတ်ခဲ့သောနီပေါငလျင် ကိုလည်း ကောင်းကင် ဓာတ်ပုံများ ရိုက်ကူးကာ အသေးစိတ် အချက်အလက် များကို မှတ်တမ်းတင် ပေးနိုင်ခဲ့ သေးကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment