Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

အမေရိကန် Hip-Hop ဂီတဟာ နိုင်ငံရဲ့ဂီတသမိုင်းမှာ အကြီးမားဆုံး အကျိုးသက်ရောက်မှု ရှိခဲ့


ဗြိတိန် နိုင်ငံမှာရှိတဲ့ သိပ္ပံပညာရှင်တွေ က အမေရိကန် Hip-Hop ဂီတဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု သမိုင်းမှာ အကြီးဆုံး အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။
ဗြိတိန်မှာရှိတဲ့ Yahoo! ကုမ္မဏီနဲ့ Press Association တို့က ထုတ်ပြန်ခဲ့တာကတော့ Queen Mary ၊ လန်ဒန် တက္ကသိုလ် ၊ Imperial College နဲ့ Last.fm တို့က သုတေသီအဖွဲ့တွေဟာ ၁၉၆၀ နဲ့ ၂၀၁၀ ခုနှစ်တွေ ကြားထဲမှာ အမေရိကန် Billboard အကောင်းဆုံး သီချင်း ၁၇၀၀၀ ရဲ့ စက္ကန့် ၃၀ စာ သီချင်းအပိုင်းလေးတွေကို စစ်တမ်း ကောက်ယူပြီး လေ့လာခဲ့ပါတယ်။
ထို သုတေသနက တွေ့ရှိခဲ့တာကတော့ အမေရိကန် ပြည်ထောင်စုမှာ ဂီတတော်လှန်ရေး ၃ ခု ဖြစ်ပေါ်ခဲ့ပါတယ်။ တစ်ခုကတော့ ၁၉၆၄ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အဲဒီတော်လှန်ရေးကတော့ the Beatles နဲ့ Led Zeppelin တို့ရဲ့ “အမေရိကန်ပေါ့ပ်မြူးဇစ်ကို ဗြိတိန်တို့ ကျုးကျော်ဝင်ရောက်ခြင်း” ဆိုတဲ့ တော်လှန်ရေးပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ၁၉၈၃ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ “New Wave” ဂီတတော်လှန်ရေးဖြစ်ပြီး ကျန်တစ်ခုကတော့ ၁၉၉၁ ခုနှစ်မှာ HipHopဂီတ Billboard ဇယားထဲကို စတင် ၀င်ရောက်လာတဲ့ ဂီတတော်လှန်ရေးပဲဖြစ်ပါတယ်။ သုတေသနရဲ့ အဆိုအရ HipHopဂီတရဲ့ ၁၉၉၁ ခုနှစ်တော်လှန်ရေး အကျိုးသက်ရောက်မှုဟာ ထို တော်လှန်ရေး ၃ ခုထဲမှာ အရှည်ကြာဆုံးနဲ့ အထိရောက်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ပထမဆုံး ကျွန်တော်တို့ ဂီတပိုင်းဆိုင်ရာ တူရိယာတွေနဲ့ အသံသွင်းပုံတွေကို တိုင်းတာပါတယ်။ ဂီတ ကျွမ်းကျင်သူ တစ်ယောက် ရှင်းပြနိုင်တာထက်ပိုပြီး ကျွန်တော်တို့ ပိုသွားခဲ့ပါတယ်။ သူတို့ရဲ့ သီချင်းတွေနဲ့ ဖန်တီးပုံတွေကို ကြည့်ခြင်းအားဖြင့် သူတို့ ဘယ်လိုပြောင်းလဲသွားတယ် ဆိုတာ နားလည်ပါတယ်” လို့ Queen Mary မှာရှိတဲ့ Electronic Engineering and Computer Science ကျောင်း က Dr.MatthiasMauchက ဆိုပါတယ်။
ထိုလေ့လာမှုက ထုတ်ပြန်ခဲ့တာကတော့ “Rap တွေ အောင်မြင်လာခြင်းနဲ့ ဆက်စပ်ဂီတ အမျိုးအစားတွေ ထွက် ပေါ်လာခြင်းဟာ အမေရိကန် ရဲ့ ဂီတပိုင်းဆိုင်ရာ တည်ဆောက်မှု ပုံစံမျိုးရှိတဲ့ တစ်ခုတည်းသော အရေးအကြီးဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာစေခဲ့တယ်”ဆိုတာပဲ ဖြစ်ပါတယ်။
Ref:xxlmag

http://www.trend.com.mm/2015/05/07/hip-hop-6544

No comments:

Post a Comment