Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

Fujifilm က ထုတ်လုပ်တဲ့ ဈေးသက်သာပြီး ချစ်စရာကောင်းတဲ့ အသွင်အပြင် နဲ့ X-T10 ကင်မရာ

Fujifilm ကုမ္မဏီက ဈေးသက်သာပြီး မှန်ဘီလူး လဲလို့ရမယ့် X-T10 ဆိုတဲ့ ချစ်စရာကောင်းတဲ့ အသွင်အပြင် နဲ့ ကင်မရာ အသစ်တစ်မျိုးကိုထုတ်လုပ်လိုက်ပြန်ပါပြီ။
ဒီ X-T10 ဆိုတဲ့ ကင်မရာ အသစ်မှာတော့ 16.3 Megapixels ကိုပေးစွမ်းမယ့် phase detection auto-focus စနစ် Built-in ပါဝင်ပြီးသားဖြစ်တဲ့ APS-C X-Trans CMOS II sensor နဲ့ EXR Processor II တစ်ခုတို့လည်း ပါဝင်တယ်လို့ ကုမ္မဏီ ကဆိုထားပါတယ်၊ ဒါဟာ ecosystem မှာ ရင်းနှီး မြှပ်နှံမှု ပြုလုပ်နေသူတွေအတွက် သတင်းကောင်းတစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
X-T10 မှာ AF System လည်းထည့်သွင်းထားတယ်လို့ Fujifilm ကဆိုပါတယ်။ ထိုထည့်သွင်းထားတဲ့ AF System မှာတော့ ပိုမိုမြန်ဆန် ၊ ပိုမိုတိကျပြီး အလင်းရောင်နည်းနေတဲ့ အခြေအနေမှာလည်း လှုပ်ရှားနေတဲ့ အရာဝထ္ထုတွေကိုပါ ရိုက်ကူးနိုင်တဲ့အထိ အစွမ်းရှိနေပါတယ်။
အဲဒီလို နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fujifilm ရဲ့ X-T10 ဟာ ကင်မရာချည်းပဲ ဒေါ်လာ ၈၀၀ နဲ့ ရောင်းချမှာ ဖြစ်ပြီး XC16-50mm မှန်ဘီလူးအတွက်တော့ ဒေါ်လာ ၁၀၀ သီးသန့်ကျသင့်ဦးမှာဖြစ်ပါတယ်။
ထို ကင်မရာရဲ့ ကိုယ်ထည်ကိုတော့ အလူမီနီယံ နဲ့သာ တည်ဆောက်ထားပြီး အရင်ထွက်ရှိပြီးသား X-T1 ရဲ့ အရွယ်အစားထက် အနည်းငယ်သေးငယ်ပြီးပေါ့ပါးတယ်လို့ သိရပါတယ်။ Fujifilm ရဲ့ X-T10 ကို ဇွန်လမှာ စတင်ဖြန့်ဖြူးသွားမယ်လို့ Fujifilm ရဲ့ တာဝန်ရှိသူတွေက ဆိုထားပါတယ်။
Ref : Engadget

No comments:

Post a Comment