Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

Fast & Furious ကို အတုခိုးတဲ့ တရုတ်လူငယ်နှစ်ဦး ထောင်ကျ



တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ Fast & Furious ရုပ်ရှင်ထဲက အတိုင်း တန်ဖိုးကြီး ပြိုင်ကားနှစ်စီး အပြိုင်မောင်းခဲ့ကြတဲ့ လူငယ်နှစ်ယောက်ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၅ လစီ ချမှတ် လိုက်ပါတယ်။

အသက် ၂၀ အရွယ် Yu Muchun နဲ့ ၂၁ နှစ် အရွယ် Tang Wentian တို့ဟာ ဧပြီ ၁၁ ရက်နေ့က ဘေဂျင်းမြို့လယ်က ဥမင် ကားလမ်းတစ်ခုအတွင်း ဖရာရီနဲ့ လမ်ဘော်ဂီနီ ကားနှစ်စီးကို အပြိုင်မောင်းခဲ့ကြရာမှာ အရှိန်မထိန်းနိုင်ဘဲ ဥမင်နံရံနဲ့ တိုက်မိပြီး ကားနှစ်စီးစလုံး ပျက်စီးခဲ့ရပါတယ်။

အဲဒီ အချိန်က သူတို့နှစ်ဦးကို ငွေကြေးချမ်းသာသူတွေရဲ့ သားတွေလို့ ယူဆခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ Tang Wentian က အစုရှယ်ယာ အမြတ်အစွန်း တစ်ခုကြောင့် လမ်ဘော်ဂီနီကို ၀ယ်ခဲ့တာလို့ ဆိုပြီး Yu Muchun ကတော့ ဖရာရီကို သူများဆီက ငှားစီးတာလို့ ဆိုပါတယ်။

တစ်နာရီ ၁၇၉ ကီလိုမီတာ နှုန်းအထိ မောင်းခဲ့ကြတဲ့ အဲဒီ လူငယ် နှစ်ဦးကို အန္တရာယ်ဖြစ်စေတဲ့ မောင်းနှင်မှု စွဲချက်နဲ့ တရားရုံးက ပြစ်ဒဏ်ချခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment