Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

Facebook အကောင့်ကို လေလံတင်ရောင်းချခဲ့တဲ့ ပန်းချီဆရာ





ကျွန်ုပ်တို့ လူမှုကွန်ရက်ကို ကျေးဇူးတင်ဖို့ လိုပါတယ်။ အခုဆို Facebook က အခြေအနေတွေကို တိုင်းတာပြီး လူတစ်ယောက်ဟာ ဘယ်လောက်ပေါ်ပြူလာဖြစ်တယ်ဆိုတာကို သိနိုင်နေပါပြီ။ Friends ဘယ်လောက်ရှိလည်း၊ Followers ဘယ်လောက်ရှိလဲ၊ အဲဒီလူ ရေးသားတာတွေကို လူဘယ် နှစ်ယောက် Like သွားလဲ၊ ဒါတွေကို အခြေခံပြီး တွက်ချက်နိုင်ပါတယ်။
အဲဒီပေါ်ပြူလာဖြစ်နေမှုကို ပိုက်ဆံနဲ့ တန်ဖိုး သတ်မှတ်လို့ ရနိုင်လား။ အမေရိက က အသက် ၂၈ နှစ် အရွယ် ကောင်လေးတစ်ယောက်က တန်ဖိုး သတ်မှတ်ပြလိုက်ပါတယ်။
နယူယော့မြို့တော်၊ Brooklyn မြို့နယ်မှာ နေထိုင်တဲ့ ပန်းချီဆရာ Nick Hugh Schmidt ဟာ သူ့ရဲ့ Facebook Profile ကို ဈေးခေါ်ပြီးလေလံ တင်ရောင်းချခဲ့ပါတယ်။ ၀ယ်ယူမယ့်သူဟာ သူ့ရဲ ဘ၀တစ်လျှောက်သုံးထားတဲ့ မှတ်တမ်းတွေ ၊ သူ့ရဲ့ ဓါတ်ပုံတွေနဲ့ သူ့ရဲ့ Friends ၈၁၉ ယောက်ကို လည်း ရမှာပါ။
အစ ကတော့ ထို လူငယ်လေးဟာ သူ့ရဲ့ Facebook အကောင့်ကို eBay က တစ်ဆင့်ရောင်းချဖို့ စီစဉ်ခဲ့ပေမယ့်လည်း eBay က Facebook အကောင့်ရောင်းချခွင့် မပြု တဲ့အတွက် Brooklyn မှာ လေလံတင်ရောင်းချတဲ့ ဌာန တစ်ခုကနေ ဒေါ်လာ ၁၁၀ နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။
ဝယ်ယူသွားတဲ့သူကတော့ Brooklyn က အခြား ပန်းချီဆရာ တစ်ယောက်ဖြစ်တဲ့ Andrew Ohanesian ဆိုသူပဲဖြစ် ပါတယ်။ 
အခုလို လေလံတင်ရောင်းချရတဲ့ ရည်ရွယ်ချက်ကတော့ လူမှုကွန်ရက် သုံးစွဲခြင်းကို ၀န်းရံထားတဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ကိုင်တွယ်ခြင်တာကြောင့် ဖြစ်တယ်လို့ Schmidt ကဆိုပါတယ်။
Andrew နဲ့လည်း အဆက်အသွယ် မပြတ် ထားပြီး သူ့ရဲ့ Facebook Profile မှာ ဘာတွေ ဆက်ဖြစ်နေတယ် ဆိုတာကို သိအောင်ကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း Schmidt ကဆိုပါတယ်။
Ref:mirror.co.uk
http://www.trend.com.mm/2015/05/19/news-6637

No comments:

Post a Comment