Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

Facebook ရဲ့ လုပ်ဆောင်ချက် အသစ် Instant Articles


Facebook ဟာ Buzzfeed ၊ National Gepgraphic ၊ New York Times စတဲ့ သတင်းဌာနတွေရဲ့ အရေးအသားတွေ ၊ ဆောင်းပါးတွေ နဲ့ ဗီဒီယိုတွေကို ဒီလအတွင်း အလိုလျှောက် ပြ သပေးနိုင် အောင်ပြု လုပ်တော့ မှာ ဖြစ်တယ်လို့ Wall Street Journal ရဲ့  ဖော်ပြချက်အရ သိရပါတယ်။ ထို လုပ်ဆောင်ချက် အသစ်ကိုတော့ Instant Articles လို့ ခေါ် ပြီး Facebook ဟာ ထိုလုပ်ဆောင်ချက်ကို စတင်နိုင်ရန် ဆောင်ရွက်နေခဲ့တာ မတ်လ ကတည်းက ဖြစ်ပါတယ်။
 ထို လုပ်ဆောင်ချက်ကနေ ဟာ အကျိုးအမြတ် အနေနဲ့ ပိုက်ဆံ တစ်ပြားမှ ရလာဖို့ မမျှော်လင့်ထားပါဘူး။ ထို လုပ်ဆောင်ချက် ဟာ ပိုက်ဆံ အကျိုးအမြတ်ရစေမယ့် လုပ်ဆောင်ချက်မျိုးလည်း မဟတ်ုခဲ့ပါဘူး။ ဒါပေမယ့် သုံးစွဲသူတွေကိုတော့ ထင်ထားတာထက် ပိုပြီး Facebook ကို သုံးဖြစ်အောင် ရည်ရွယ် ထား တာ ဖြစ် ပါ တယ်။ 
သုံးစွဲသူတွေဟာ ထို သတင်းတွေနဲ့ ဗီဒီယိုတွေကို မူလ ဝက်ဘ်ဆိုက်ရဲ့  link ကနေ တစ်ဆင့် ဝင်ရောက်ပြီးမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက် တစ်ခုကို Newsfeed ကနေ တိုက်ရိုက်ဝင်ဖတ်နိုင်ဖို့ loading ကြာချိန် ၈ second ခန့် လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Facebook နဲ့ အလုပ်လုပ်ရမယ့် ဝက်ဘ် ဆိုက်တွေ ကတော့ သိပ်သဘောမကျ ကြပါဘူး။ 

ဘာလို့လည်းဆိုတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ဖတ်တဲ့ သူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို Facebook ကသာ သိရှိနိုင်မှာဖြစ်ပြီး သူတို့ရဲ့Contents တွေကို အခမဲ့ဝေမျှ ခွင့်ပေးလိုက်ရလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook ရဲ့  Instant Articles ကိုစတင် အသုံးပြုနိုင်မယ့် နေ့ရက် ဟာ နောက် ကျနေခဲ့ တာ ဖြစ်ပါတယ်။


Credit : http://www.engadget.com
http://technology.thithtoolwin.com/2015/05/facebook-instant-articles.html

No comments:

Post a Comment