Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 17, 2015

Dior ရဲ့ ကြော်ငြာမော်ဒယ်ဖြစ်လာတဲ့ Rihanna





အဆိုတော် မလေး Rihanna ဟာ အရင်ကတည်းက Dior အလှကုန် ကုမ္မဏီ ရဲ့ ကြော်ငြာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင့်ရတဲ့ ပထမဆုံး လူမည်း မိန်းကလေးတစ်ယောက်ဖြစ်တာကို ကျေနပ်မိတယ်လို့ ဆိုထားပါတယ်။

ထို ဓါတ်ပုံတွေထဲမှာလည်း Rihanna ဟာ တမူထူးခြားကာ လှပနေတာကိုတွေ့ရမှာပါ။ ထိုါ်ွတ်ပုံတွေကိုတော့ Secret Garden ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး နာမည်ကြီး ဓါတ်ပုံဆရာ Steven Klein ကိုယ်တိုင် ပြင်သစ်နိုင်ငံ Versailles နန်းတော်မှာ ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

Rihanna ကလည်း ပြင်သစ် အမှတ်တံဆိပ်ရဲ့ ပြယုဂ် တစ်ခုဖြစ်လာတာဟာ သူမအတွက် အရမ်း အဓိပ္ပာယ် ရှိတယ်လို့ ၀န်ခံထားပြီး ထိုကြော်ငြာကိုလည်း ကြီးမားတဲ့ အလုပ်တစ်ခုလို့ ဖွင့်ဆိုခဲ့ပါသေးတယ်။

"ကျေနပ်ဖို့ကောင်းတယ်လို့ ခံစားရပါတယ်။ ဒါဟာ ကျွန်မအတွက် ကြီးမားတဲ့ အလုပ်တစ်ခုပါ။ ကျွန်မရဲ့ ယဉ်ကျေးမှု အတွက်ရော မည်သည့် အသားအရောင်ရှိတဲ့ မိန်းမပျိုလေးတွေတိုင်းအတွက် ပါ ဖြစ်ပါတယ်။ Dior ဟာ အမျိုးသမီးတော်တော်များများကို လှပ ၊ သပ်ရပ်ပြီး ငယ်ရွယ်တယ်လို့ ခံစားသွားစေပါတယ်" လို့ Rihanna က MTV သတင်းဌာနကို ဖြေခဲ့ပါတယ်။

Rihanna ရိုက်ကူးခဲ့တဲ့ ကြောငြာဟာ Secret Garden အစီအစဉ်အတွက် ၄ ခုမြောက် ဗီဒီယို ဖြစ်ပြီး အရင် ကြော်ငြာ ၃ခုကိုတော့ Daria Strokus ၊ Mellisa Stasiuk နဲ့ Xiao Wen Ju တို့နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။

( Mario )

Ref : Mirror 

No comments:

Post a Comment