Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ဒူးခေါင်းဒဏ်ရာကြောင့် ဖျော်ဖြေရေးတွေ ပယ်ဖျက်ထားရတဲ့ Britney Spears



ဒူးခေါင်းနာတဲ့ ဒဏ်ရာလေးတစ်ခုမှာသည် ကမ္ဘာကျော် အဆိုတော် Britney Spears ကို သူမရဲ့ အလုပ် သူမ လုပ်နေခြင်းကနေ တစ်ကယ်ကြီး ရပ်လိုက်နိုင်ပါသလား?

ရပ်ခိုင်းလိုက်နိုင်ပါတယ်။ အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ပေါ့ပ် စတား အဆိုတော် Britney Spears ဟာ "The Ellen DeGeneres Show" မှာ ထုတ်ဖော်ပြောကြားခဲ့တာကတော့ သူမရဲ့ လတ်စတ်ဗီးဂတ်စ် မြို့မှာ အနားယူနေမှုကို နောက်ထပ် ၃ လ အချိန်ဆွဲရဦးမယ်ဆိုတာပဲ ဖြစ်ပါတယ်။

သူမရဲ့ ကျန်းမာရေး အခြေအနေအရ ကလေး ၂ ယောက်ရဲ့ မိခင်လည်း ဖြစ်တဲ့ ပေါ့ပ်စတား Britney Spears ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖျော်ဖြေပွဲတစ်ခုမှာ စတိတ်စင်ပေါ် ချော်လဲခဲ့ပြီး သူမရဲ့ ခြေဖ၀ါးနဲ့ ဒူးခေါင်းမှာ အရွတ်တွေဖြစ်ခဲ့အတွက် အခုလို အနားယူနေရတာဖြစ်ပြီး ထို ဒဏ်ရာရခြင်းက သူမကို ဖျော်ဖြေပွဲ များစွာ ကို ပယ်ဖျက်လိုက်စေဖို့ ဖြစ်လာခဲ့ပါတယ်။

"တစ်ကယ်တော့ ကျွန်မ တစ်ခါမှ စင်ပေါ်မှာ ချော်မလဲဖူးပါဘူး။ ရှက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုပါ။ ကျွန်မ လဲသွားခဲ့ပြီး ပြန်ထခဲ့တယ်။ ဒါပေမယ့် ဖျော်ဖြေပွဲကတော့ ဆက်လက် ကျင်းပခဲ့ပါတယ်။"လို့ သူမက Ellen ရှိုးမှာ ပြောပြခဲ့ပါတယ်။

သူမရဲ့ Twitter မှာတော့ သူမဟာ ၀မ်းနည်းစရာ သတင်းကို ပြောပြရမှာဖြစ်ပြီး နဲ့ ဆရာဝန်တွေက သူမကို ဒူးခေါင်းဒဏ်ရာကြောင့် ဒီတစ်ပတ်အတွင်း ဖျော်ဖြေရေးတွေနာထားဖို့မှာကြားထားကြောင်းကိုလည်း ရေးသားခဲ့တာကိုတွေ့ရပါတယ်။

Ref : LifeandStyleMag 
http://celebrity.thithtoolwin.com/2015/05/britney-spears.html

No comments:

Post a Comment