Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

အိမ်ထောင်ဘဝက မိမိရည်မှန်းချက်တွေကို ပျက်ပြားစေမယ်ဆိုရင် လမ်းခွဲလိုက်ပါလို့ နိုက်က်ဂျီးရီးယား ရှပ်ရှင်ဟာသ သရုပ်ဆောင် Bovi ဆို




မိမိစိတ်ကူးယဥ်အိပ်မက်တွေ ပျက်ပြားစေမယ်ဆိုရင် အိမ်ထောင်ဘဝကို အဆုံးသတ်သင့်တယ်လို့ Bovi က ယူဆထားပါတယ်။ နိုက်က်ဂျီးရီးယား ရှပ်ရှင်ဟာသ သရုပ်ဆောင် ဖြစ်တဲ့သူက အိမ်ထောင်ကိစ္စအပေါ် သူ့ရဲ့အမြင်တွေကို သူ့ Instagram ကနေ တဆင့် မျှဝေခဲ့ပါတယ်။
“သူတို့ ရည်မှန်းချက်အတိုင်း ဆက်လက် လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တဲ့ အမျိုးသမီးတွေ အားလုံးကို ရည်ညွန်း ပြောလိုက်တာပါ။ ရည်မှန်းချက်တိုင်းက နောက်ဆုံး အောင်မြင်မှုကို ဖြစ်ပေါ်စေပါတယ်။ အိမ်ထောင်တစ်ခုလုံး ကိုယ်စားပြုတဲ့ အောင်မြင်မှုက ဥစ္စာဓန၊ချမ်းသာကြွယ်ဝမှု ဖြစ်ပါတယ်။ လူမျိုးကြီးဝါဒ၊ အိမ်တွင်းနဲ့ ဘာသာရေး အကြမ်းဖက်မှုတွေကို တောင့်ခံအောင်မြင်ကျော်လွှားနိုင်တဲ့ အမျိုးသမီးတွေကို ရည်စူးပြီး ပြောတာပါ။ သူဟာ အနိုင်ကျင့် ဗိုလ်ကျခြင်းနဲ့ မိသားစုပြဿနာ ပေါင်းစုံရှိတဲ့ အိမ်ထောင်စုမှ ကြီးပြင်းခဲ့ သူတစ်ယောက်ပါ။ အိမ်ထောင်ပြုတာ လှပကောင်းမွန်တဲ့ ဘဝတစ်ခု တည်ထောင်တာ ဖြစ်ပါတယ်။ သို့သော် အဲဒါက သင့်ရည်မှန်းချက် အိပ်မက်တွေကို ပျက်ပြားစေမယ်ဆိုရင် လက်လွှတ်လိုက်ပါ” လို့ Bovi ကပြောဆိုခဲ့ပါတယ်။
Bovi က ကလေး (၃) ယောက်နဲ့အတူ အိမ်ထောင်သည် တစ်ဦးဖြစ်ပါတယ်။
Ref:naijaonpoint
http://www.trend.com.mm/2015/05/08/news-6559

No comments:

Post a Comment