Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

ဖုန်း​ပြော​ခ ကုန်သွယ်​ခွန် မ​ပေး​ရေး လွှတ်တော်​ထဲ ဆွေးနွေး​မယ်

လူတွေ မိုင်ဘိုင်းဖုန်း ဖောဖောသီသီ ကိုင်နိုင်ချိန် ကျမှ ကုန်သွယ်ခွန် ဆိုပြီး ထပ်ပေး ရမယ့် အပေါ် ဝေဖန်သံတွေ ထွက်နေရာ က ဒီ ကိစ္စဟာ အခုတော့ လွှတ်တော်ထဲထိ ရောက်လာပါပြီ။
မိုဘိုင်းဖုန်း ခေါ်ဆိုခ တွေ ထဲ ကနေ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံ မှာ ကို ၂၀၁၅ -၁၆ ဘဏ္ဍဍာနှစ် ထဲ မှာ ကင်းလွတ်ခွင့် ပြုဖို့ အရေးကြီး အဆို ကို ပြည်ထောင်စု လွှတ်တော် က လက်ခံ ဆွေးနွေး ဖို့ သဘောတူ လိုက် ပြီး မေ ၂၂ ရက် မှာ လွှတ်တော် တွင်း ဆွေးနွေး ကြ မှာ ဖြစ်ပါတယ်။

အဲဒီ့လို ဆွေးနွေး ကြ တဲ့ အခါ သက်ဆိုင်ရာ ဆက်သွယ်ရေး နဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ကလည်း လာရောက် ဖြေကြား ဆွေးနွေးရ မှာ ဖြစ်ပါတယ်။

ပြည်သူ အများ မိုဘိုင်းဖုန်း ကိုင်နိုင်တဲ့ အချိန်ကျမှ အခုလို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း ကောက်ခံမယ် ဆိုတဲ့ ဝန်ကြီး ဌာန ရဲ့ အသိပေးချက် အပေါ် မိုဘိုင်းဖုန်း သုံးစွဲသူ တွေ အကြား မကျေနပ် သံတွေ ထွက်လာတာ ကို သိရလို့ အရေးကြီး အဆို တင်သွင်းရတာ ဖြစ်တယ် ဆိုပြီး အဆို တင်သွင်းခဲ့သူ ပြည်ထောင်စု ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က အမရပူရ မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် အမတ် ဦးသိန်းထွန်းဦး က ဘီဘီစီ ကို ပြောပါတယ်။

လွှတ်တော် ထဲ ဆွေးနွေး ဆုံးဖြတ် ကြတဲ့ အခါ အခွန် မကောက်ခံ ဖို့ အဆို နိုင် ပြီး ပြည်ထောင်စု လွှတ်တော် က အတည် ပြုပေး ခဲ့ရရင် လာမယ့် ၂၀၁၅-၁၆ ဘဏ္ဍဍာနှစ် ထဲ မှာတော့ မိုဘိုင်းဖုန်း ခေါ်ဆိုခ ကို ကုန်သွယ် လုပ်ငန်းခွန် ၅ % ပေးစရာမလို ပဲ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment