Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

မိုးခေါင်မှုကြီးကြောင့် ကယ်လီဖိုးနီးယား ၏ လေထုညစ်ညမ်းမှု ပို၍ ဆိုးရွားလာ



လော့စ်အိန်ဂျလိစ် ၊ ၅-၅-၂၀၁၅

အမေရိကန်နိုင်ငံ ဆိုင်ရာ အဆုတ်ရောဂါ ကာကွယ်ရေး အဖွဲ့ကြီးက ထုတ်ပြန်သော သတင်းအရ သန့်ရှင်းသော လေထုနှင့် သန့်ရှင်းသော လောင်စာ ကိစ္စများကို ကောင်း မွန်အောင် ပြုလုပ် ပေးခဲ့ကြ သော်လည်း ကယ်လီဖိုးနီးယား ပြည်နယ် လေထုသည် မိုးခေါင်မှုကြီး ကြောင့် ညစ်ညမ်းမှု ဆိုးရွား လာနေကြောင်း သိရသည်။

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ကြား ဒေသကြီး ရှိ Fresno နှင့် Madera ဒေသ နှစ်နေရာသည် အမေရိကန် တစ်နိုင်ငံလုံးတွင် လေထု ညစ်ညမ်းဆုံး နေရာများဟု သတ်မှတ်ခံ ခဲ့ကြရသည်။ ကမ္ဘာ့ ရာသီဥတု ဆိုင်ရာ ပြောင်းလဲမှု ၊ မိုးခေါင်မှု သက်တမ်း ကြာရှည် လာမှုကြောင့် ဖုန်ထူလာခြင်း ၊ မြက်ခြောက်များ မီးလောင်ခြင်း နှင့် တောမီးများ လောင်ကျွမ်း မှုကို ဆက်လက် ပြန့်ပွားခဲ့ပြီး တောင်ကြား ဒေသကြီးတွင် လေထု ညစ်ညမ်း လာခဲ့ခြင်း ဖြစ်သည်။

ကယ်လီဖိုးနီးယား ပြည်နယ် တောင်ကြား ဒေသသည် ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်စေသော အမှုန်အမွှား များ အများအပြား ပါဝင်နေသော ညစ်ညမ်းသည့် လေထုကြီး တည်ရှိရာ အရပ်ဒေသကြီး အဖြစ် ထိပ်ဆုံး နေရာသို့ ရောက်ရှိနေသည်။ Fresno နှင့် Madera ဒေသကြီးသည် တစ်နှစ်ပတ်လုံး လေထု ညစ်ညမ်းမှု ရှိနေသော ဒေသအဖြစ် ဒုတိယနှစ် အတွင်းသို့ ၀င်ရောက်နေပြီး ၂၄ နာရီပတ်လုံး ညစ်ညမ်းမှု ရှိနေခဲ့သည်။

ကယ်လီဖိုးနီးယား ပြည်နယ် ၊ လော့စ်အိန်ဂျလိစ် မြို့သည် ယခုနှစ်အတွင်း ၂၄ နာရီပတ်လုံး လေထု ညစ်ညမ်းနေသော မြို့တော်ကြီး ဖြစ်လာသည်။ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အမေရိကန် နိုင်ငံသူ နိုင်ငံသား ၁၃၈ သန်း နေထိုင်လျက်ရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၄၄ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment