Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ဘုန်းတော်ကြီးသတ်ဖြတ်မှု စီရင်ချက်ချမှတ်

By ကရင်အမျိုးသား- မီဒီယာ
မေ - ၁၈ - ၂၀၁၅
.
သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)
.
ဘုန်းတော်ကြီး အရှင်ကုသလ ကို အုပ်စုဖွဲ့သတ်ဖြတ်ခဲ့သည့် ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် ၅ ဦးနှင့်အခြားပါဝင်သူ ဘန်းတော်ကြီးတပါတို့ကို ကရင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောငများပါဝင်သည့် အထူးခံရုံးအဖွဲ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ်တသက်အပါအ၀င် အပြစ်ဒဏ်များကို ယနေ့ချမှတ်လိုက်သည်။
သတ်ဖြတ်မှုကို ဦးဆောင်သူနှင့်အမိန့်ပေးသူဖြစ်သည့် ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိ စောတာဝါးနှင့်ဘုန်းတော်ကြီးအရှင်ဗုဒ္ဓ၀ံသတို့ကို ပြစ်မှုထင်ရှားသောကြောင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်တသက် ချမှတ်လိုက်သည်။
သတ်ဖြစ်မှုတွင်ပါဝင်ဲ့သည့် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်ဒိ ၃၆ နှစ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် - စောကျော်ဌေး ၃၂ နှစ်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် - စောဖားတော့ ၄၄ နှစ်ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် - စြော့ည်အေး ၃၃ နှစ်ကို အလုပ်ာကမ်းနှင့်ထာင်ဒဏ် ၁၀ နှစ် တို့ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ပြုလုပ်သည့် တရားစီရင်မှုကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ဘားအံခရိုင်ရှိ ခရိုင်တရားစီရင်ရေးရုံးတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုတွင် ထွက်ပြေးတိမ်းရှောင်နေသည့်နေသည့် တရားခံနှစ်ဦးဖြစ်သည့် စောတာဝါးနှင့်အရှင်ဗုဒ္ဓ၀ံသတို့ကို ဘားအံခရိုင်တရားရုံးက မျက်ကွယ်ထောင်ဒဏ်များချမှတ်ထားပြီး ဖမ်းဝရမ်း ထုတ်ထားကာ ၎င်းတို့ကိုအမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ကို တာဝန်အပ်နှင်းထားသည်။
တရားစီရင်မှုကို လာရောက်နားထောင်ကြသည့် ဒေသခံရဟန်းရှင်လူများကလည်း ပွင့်လင်းမြင်သာစွာ တရားစီရင်ခဲ့သောကြောင့် အားရကျေနပ်မှုရှိသည်ဟု သဘောထားပေးကြသည်။
အထူးခံရုံးအဖွဲ့တွင် (KNU) မှ ၃ ဦး - (DKBA) မှ ၂ ဦး - ငြိမ်းချမ်းရေးကောင်စီမှ ၂ ဦး - (BGF) မှ ၂ ဦး တို့ဖြစ်ကာ ခုံရုံးအဖွဲ့၏ နာယကများမှာ (KNU) ပြည်ထဲရေးနှင့်သာသနာရေးဌာန၀န်ကြီး ပဒိုာစာအားတိုးနှင့် (KNU) ဗဟိုတာရားသူကြီး (၁) ပဒိုနော်မြိုင်ဖိုးတို့ဖြစ်သည်။
ချမှတ်ထားသည့် ပြစ်ဒဏ်များနှင့်ပတ်သက်၍ ရက်ပေါင်း ၄၀ အတွင်း အယူခံဝင်နိုင်ကြောင်းလည်း အထူးခံရုံးအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ပဒိုလေးတောက တရားခွင်တွင် ပြောဆိုခဲ့သည်။
သက်တော် ၆၈ နှစ် ၀ါတော် ၁၉ ၀ါရှိသည့် အရှင်ကုသလသည် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ မယ်လရွာသစ်ကျောင်းဆရာတော်ဖြစ်ပြီး သစ်ခုတ်သည့်ကိစ္စကိုအခြေခံရာမှ ယမန်နှစ်အောက်တိုဘာလ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ပုံစာ - ယနေ့ပြုလုပ်သည့် တရားစီရင်မှုမြင်ကွင်းများ။






No comments:

Post a Comment