နယူးယောက် ၊ ၁၃-၅-၂၀၁၅
ကမ္ဘာကျော် ပန်းချီပညာရှင် တစ်ဦး ဖြစ်သည့် ပီကာဆို ၏ လက်ရာမြောက် ပန်းချီကား တစ်ချပ်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Christie's လေလံတင် ကုမ္ပဏီ၌ ရောင်းချခဲ့ရာ အမေရိကန် ဒေါ်လာ ၁၇၉ ဒသမ ၉ သန်း (စတာလင် ပေါင် ၁၁၅ သန်း) ဖြင့် ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းချီကားကို လေလံဆွဲ ဝယ်ယူသူများက လေလံ မပိတ်မီ ၁၁ မိနစ်အလိုတွင် တယ်လီဖုန်းမှ တစ်ဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့ ပေးသည့် ဈေးနှုန်းသည် ခန့်မှန်း ထားသည့် ဈေးနှုန်း ဖြစ်သည့် ဒေါ်လာသန်း ၁၄ဝ ထက် ပိုမိုကျော်လွန် ခဲ့ကြောင်း လေလံ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။
ယခုလေလံတင် ရောင်းချသည့် ပန်းချီကားတွင် ပီကာဆို သည် အမျိုးသမီးတစ်ဦး ၏ သဘာဝ ကိုယ်ဟန် အနေအထား ကို ရေးဆွဲထားခြင်း ဖြစ်ပြီး အင်္ဂလိပ် အက္ခရာ A မှ O အထိ ဒီဇိုင်းဖော် ထားကြောင်း သိရသည်။
ပီကာဆို၏ ယခု ပန်းချီကား ကို ရောင်းချခြင်း မပြုမီ ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး ပန်းချီကား အဖြစ် စံချိန်တင်နိုင် ခဲ့သူမှာ အင်္ဂလန် နိုင်ငံမှ ဖရန့်စစ် ဘေကွန် ဖြစ်ကြောင်း သိရသည်။ Christie's လေလံ ကုမ္ပဏီသည် ယခု ရောင်းချနိုင် ခဲ့သည့် ပန်းချီကား ဈေးနှုန်းအနက်မှ ၁၂ ရာခိုင်နှုန်းကို ရရှိမည် ဖြစ်ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment