Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး (၂)


မနေ့ကတော့ land pollution, natural vegetation, groundwater နှင့် potential hazard တွေကို အကြောင်းပြပြီး land suitability အကြောင်းဆွေးနွေးခဲ့ပါတယ် ။ ဒီနေ့တော့ engineering terms တွေနဲ့land stability အကြောင်းတွေကိုတစ်ခုချင်း ရှင်းပါမယ် ။ ရှင်းတဲ့နေရာမှာ အင်ဂျင်နီယာမဟုတ်သူများပါ သိနားလည်လွယ်အောင် အတတ်နိုင်ဆုံးဘာသာပြန်ပြီး အခြေခံအချက်အလက်လောက်ပဲ ရှင်းပါ့မယ်။ အသေးစိတ်သိချင်ရင် ကွန်မန့်က ဖြစ်ဖြစ် ချက်ဘောက်စ်က ဖြစ်ဖြစ်မေးစေလိုပါတယ်။ မနေ့ကပြောသွားတာကို အလွတ်ပြောတယ်လို့တချို့က ထင်ကောင်းထင်ပါလိမ့်မယ် ။ အကယ်၍လိုအပ်လာပါက Remote sensing image (ကောင်းကင်ဓါတ်ပုံ) တွေ digital elevation model တွေကို သုံးပြီး simulation လုပ်လို့ရပါတယ်လို့အသိပေးထားခြင်ပါတယ် ။ ဥပမာ unit hydrograph တွက်တာမျိုးလိုပါ ။ အချိန်တော့ ပေးရပါမယ် ။ 
-
တကယ်တော့ ဒဂုံစီးတီးကြောင့် ရွှေတိဂုံကုန်းတော်ရဲ့ ခိုင်ခံ့မှု ထိခိုက်မယ် မထိခိုက်ဘူးဆိုတာကျွန်တော် တပ်အပ်မပြောနိုင်ပါဘူး ။ ပြောနိုင်ဖို့အတွက် အချက်အလက်တွေလိုအပ်ပါတယ်။ အချက်အလက်များကိုတော့ site investigation လို့ခေါ်တဲ့ ground survey data တွေ soil test result တွေလိုအပ်ပါတယ် ။ အဲ့ဒိအချက်အလက်တွေဟာ ဒဂုံစီးတီးအတွက်လုပ်ထားကောင်း လုပ်ထားမှာဖြစ်ပေမဲ့ ရွှေတိဂုံအတွက်တော့လုပ်မှာ မဟုတ်တာသေချာပါတယ်။ ဒါပေမဲ့လည်း soil test result တွေဘယ်လောက်ထိ မှန်ကန်မှု ရှိလဲဆိုတာသေချာပြောလို့မရပါဘူး ။ ၁၀ နှစ်ကျော်မြန်မာနိုင်ငံမှာ soil test လုပ်ခဲ့တဲ့အတွေ့အကြုံအရတော့ မှန်ကန်တဲ့အချက်အလက်တွေထုတ်နိုင်တဲ့ ကုမ္မဏီအတော်ရှားပါတယ် ။ ၁၀%လွဲတာကိုတော့မပြောလိုပါဘူး ။ များသောအားဖြင့် soil test report က စည်ပင်နဲ့ CQHP တင်တာလောက်ဘဲ လုပ်ကြပါတယ်။ ဒီအထပ်မြင့်အဆောက်အဦးတွေအတွက်တော့မလွဲမသွေလုပ်မှာသေချာပါတယ် ။ ဒါပေမဲ့ design အတွက် လိုအပ်တဲ့ long term and short term stability ရအောင်စမ်းပါ့မလားဆိုတာ သံသယဖြစ်ပါတယ်။ နောက် field test နဲ့ lab test ရောစုံရဲ့လားဆိုတာ သံသယဖြစ်စရာကောင်းပါတယ် ။ 
-
Dagon City မှာသာစမ်းထားပြီး ရွှေတိဂုံအတွက်မစမ်းထားဘူးဆိုရင်တော့ stability ကိုပြောဖို့တော်တော်ခက်ပါတယ် ။ တကယ်တော့ soil test တင်မက integrity test ပါ developer က တာဝန်ယူစမ်းပေးရမှာပါ ။ အခုတော့ ရွှေတိဂုံရဲ့ ကြံ့ခိုင်မှုကို စဉ်းစားဖို့အတွက် ခန့်မှန်းယူပါမယ် ။ အဲ့ဒိခေတ်က pile foundation မပေါ်သေးတာကြောင့် raft footing ဒါမှမဟုတ်ရင်တော့ isolated footing ဖြစ်ပါမယ် ။ ဌာပနာတိုက်တည်ဆောက်ထားခြင်းကြောင့် raft footing ဖြစ်ဖို့များပါတယ်။ footing ရဲ့အနက်ကရော ခန့်မှန်းရခက်ပါတယ် ။ ဆံတော်တွင်း ၊ ဌာပနာတိုက်များ ရှိနေတဲ့ အတွက် ခန့်မှန်းရခက်ခဲလှပါတယ် ။ ကျိန်းသေတာက footing မှာ သံချောင်း(rebar ) သုံးထားမှာ မဟုတ်တဲ့အတွက် ဘေးတိုက်ရွေ့လျားမှုဒါဏ် (lateral movement)နဲ့ တဖက်သတ်နိမ့်ကျမှု ဒါဏ် (load eccentricity) ကို ခံနိုင်မှာမဟုတ်တာသေချာပါတယ်။ နောက်ပြီးအောက်ခံမြေသား(ကျောက်သား)ကတော့ Arzarnigone Sandstone လို့ခေါ်တဲ့ သဲကျောက်ပေါ်မှာတည်ထားတာပါ ။ မာတဲ့သဲကျောက်တော့မဟုတ်ပါဘူး ။ ရွှံ့စေးပါဝင်မှု မြင့်တဲ့သဲကျောက်(clayey sandstone) ပါ ။ မြေအောက်ရေအပြောင်းအလဲပေါ်မူတည်ပြီး ခံနိုင်ရည် (strength) အတက်အကျ များစွာရှိပါတယ်။
-
တကယ်တော့မြေသားဟာ မာယာများလွန်းပါတယ် ။ မထင်မှတ်တဲ့နေရာ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကနေ အဆောက်အဦးများ ပြိုလဲဖို့တိုက်ခိုက်တတ်ပါတယ်။ ကိုယ်အကျွမ်းတ၀င် မရှိတဲ့ design သို့မဟုတ် technology ကို အရေးကြီးတဲ့နေရာတွေမှာမသုံးမိအောင် ဂရုစိုက်ရပါမယ် ။ အမှားများကြောင့် ပြိုလဲပျက်စီးတဲ့ အဖြစ်အပျက်တွေကို case study တွေအနေနဲ့တင်ပြပါရစေ ။ အဆောက်အဦးတစ်ခုပြိုလဲမယ်ဆိုရင်တော့ အမှားများကို ရှာရမှာပါ ။
-
(၁) Investigation error
----------------------------
အဆောက်အဦးမဆောက်ခင် ကနဦးစမ်းသပ်စစ်ဆေးမှုတွေမှာမတိကျတာ ဒါမှမဟုတ် မလုပ်ခဲ့လို့ပြိုလဲရတာပါ ။ ခုနပြောသွားတဲ့ soil test, geophysical survey တွေနဲ့ဆိုင်ပါတယ်။
-
(၂) Geotechnical design error
-------------------------------------
ရလာတဲ့မြေသားစမ်းသပ်မှုပေါ်မှာ မှားယွင်းတွက်ချက်မှုကြောင့်ပြိုရတာပါ ။ အဖြစ်အများဆုံး error ပါ ။ မြေသားဟာ မာယာများလို့အချို့သောနာမည်ကြီး ကုမ္မဏီများ နာမည်ကြီး အင်ဂျင်နီယာများတောင် အမှားမကင်းကြပါဘူး 
-
(၃) Structural design error
--------------------------------
ဒါကတော့ ဆောက်လုပ်ရေးပစ္စည်းမှားယွင်းစွာသုံးစွဲခြင်း ၊ အတိုင်းအတာမှားယွင်းခြင်း ၊ ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်ခြင်းတွေကြောင့်ပါ
-
(၄) Construction sequence error
----------------------------------------
ဒါအမှားအယွင်းကလည်းအဖြစ်များပါတယ် ။ မိုးတွင်းဆောက်ရမှာဆောင်းတွင်းဆောက်လိုက်တာမျိုး ။ pile ရိုက်ရမဲ့ အချိန်မှားယွင်း ရိုက်မိတာမျိုး ၊ မြေသားကို မှားယွင်းစွာ ဖိအားပေးလိုက်မျိုး (soil compaction) ၊ မသင့်တော်တဲ့ စက်ယန္တယားသုံးတာမျိုးတွေကိုခေါ်ပါတယ် ။ မြန်မာနိုင်ငံမှာတော့ အရည်အသွေးနိမ့်တဲ့ပစ္စည်းတွေသုံးနေရတယ်ဆိုတော့ အမြဲခေါင်းကိုက်နေရလိမ့်မဲ့ အမှားအယွင်းပါ ။ များသော အားဖြင့် အစိုးရ အလုပ်တွေမှာ လူကြီးလမ်းကြောင်းဆိုတဲ့ ဖိအားတွေ ၊ ပြန်မပြောရ ၊ စောဒက မတက်ရဆိုတဲ့ ဖိအားတွေကြောင့် အဖြစ်များတဲ့ အမှားပါ ။
-
(၅) Natural disaster error
-------------------------------
သဘာဝဘေးအန္တရာယ်ကြောင့် ပြို ပျက်မဲ့ အန္တရာယ်ကတော့ ခန့်မှန်းနိုင်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီးတဲ့ စီမံကိန်းမှာတော့ potential hazard assessment and risk assessment တွေလုပ်ထားရမှာပါ ။ စည်ပင်နဲ့အိုးအိမ်ကို အထူးမေတ္တာရပ်ခံတိုက်တွန်းပါတယ် ။ အဲ့ဒိ assessment report (၂) ခုကိုတောင်းယူကြည့်ရှု ဖို့ပါ ။ Hazard and Risk Assessment ကိုလည်း ယုံကြည်စိတ်ချရတဲ့ သူ ဒါမှမဟုတ် အဖွဲ့အစည်းကို တာဝန်ပေးစေချင်တာပါ ။ ဒဂုံစီးတီးအတွက်တစ်ခုတည်းမဟုတ်ပါဘူး ၊ ရွှေတိဂုံ ၊ ကန်တော်ကြီး ၊တိရစ္ဆာန်ဥယျာဉ်အပါအ၀င် ပတ်ဝန်းကျင်တလျောက်ပါ။ 
-
ကျွန်တော်စာဖတ်သူများကိုတစ်ခုတောင်းပန်ပါရစေ ။ ကျွန်တော့် ရဲ့ Land stability နဲ့ ပတ်သက်တဲ့ နိဒါန်း ပိုင်းတော်တော်ရှည်သွားပါတယ် ။ နောက် အင်ဂျင်နီယာဝေါဟာရတွေ ပါလို့ စိတ်ဝင်စားမှု နည်းသွားမှာကိုလည်း စိုးရိမ်ပါတယ် ။ မနက်ဖန်မှာ ဒဂုံစီးတီး စီမံကိန်းကြောင့် ဖြစ်လာနိုင်တဲ့ မြေနိမ်ကျမှု အန္တရာယ်ကို ဆွေးနွေးပေးပါ့မယ် ။ ကျွန်တော် အစိုးရအလုပ်မှာလုပ်စဉ်က ရေလွှဲဥမင်တခုမှာတာဝန်ကျတုန်းကပါ။ ကျွန်တော့်စိတ်ထဲက ဒီနေရာကတော့ပြိုတော့မယ်လို့ထင်လို့ တာဝန်ခံအင်ဂျင်နီယာကို သတိပေးဖူးပါတယ် ။ နမိတ်မကောင်းလို့တဲ့ ၊ မပြောပါနဲ့လို့ ပိတ်ပါတယ် ။ တကယ်ပြိုသွားပါတယ် ။ လူအထိအခိုက်မရှိပါဘူး ။ ဒါပေမဲ့ ကျွန်တော်ပြောလို့ပြိုတယ်ဆိုနာမည်ကြီးဖူးပါတယ်။ နောက်တခါတော့ သံသယဖြစ်တဲ့နေရာကို အင်ဂျင်နီယာကိုမပြောဘဲ အလုပ်သမားတွေကိုသာ သတိထားဖို့သတိပေးမိပါတယ် ။ ပြိုတယ်ခင်ဗျ ။ အထိအခိုက်လည်းရှိပါတယ်။ လုပ်သက်တွေရလာတဲ့အခါ နိမိတ်ဆိုတာကို ဘေးဖယ်ပြီးပြောစရာရှိတာကိုပြောရမှာပါ။ အဲ့ဒိတော့ ဖြစ်လာနိုင်တဲ့ အန္တရာယ်များ (potential causes and effects) ကို ထောက်ပြဆွေးနွေးမှာပါ။ အရေးကြီးတဲ့ အချက်တွေပါမှာမို့ ဖတ်ဖြစ်အောင် ဖတ်ပေးကြပါ ။
-
ကျိန်းသေတာက ဘယ်သူ့မှ ထိခိုက်စေခြင်းအလျဉ်းမရှိပါ ခင်ဗျာ။
-
KSMT 
14.5.2015 (1:36 am)
Bangkok
https://www.facebook.com/kyawswar.myintthein.5/posts/10204054090452456 

Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment