Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 19, 2015

မလေးရှားတော်ဝင် လေတပ်က အမောင်းသင် လေယာဉ် ၅ စင်းကို ၂၀၁၆ ခုနှစ်အကုန်တွင် လက်ခံရရှိမည်


ဆွစ်ဇာလန်နိုင်ငံထုတ် Pilatus PC-7 Mark II အမောင်းသင် လေယာဉ်

ကွာလာလမ်ပူ ၊ ၁၉-၅-၂၀၁၅

မလေးရှား တော်ဝင် လေတပ် (RMAF) သည် ၄င်း၏ အမောင်းသင် လေယာဉ်အုပ်တွင် အင်အား ဖြည့်တင်းရန် Pilatus PC-7 Mark II အမျိုးအစား အမောင်းသင် လေယာဉ် ငါးစင်းကို ၂ဝ၁၆ ခုနှစ် အကုန်တွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း မေ ၁၈ ရက် Newsnow သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ လေယာဉ်များကို ဆွစ်ဇာလန် နိုင်ငံ Pilatus လေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီမှ ၂ဝ၁၄ ခုနှစ်အတွင်း ဝယ်ယူ ခဲ့ကြောင်းနှင့် မလေးရှားနိုင်ငံAir Force College (KTU) ရှိ သင်တန်းသား လေယာဉ်မှူးများ အတွက် အသုံးပြုမည် ဖြစ်ကြောင်း မလေးရှား တော်ဝင် လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဒါတွတ်ဆရီ ရိုဆလန် ဆာအက် က ပြောကြားသည်။

မလေးရှား တော်ဝင်လေတပ် အနေဖြင့် ၁၉၉၉ ခုနှစ်မှ ၂ဝဝ၆ ခုနှစ် ကာလအကြား ဝယ်ယူခဲ့သည့် PC-7 Mark II အမောင်းသင် လေယာဉ် ၁၆ စင်း ပိုင်ဆိုင် ထားသော်လည်း လက်ရှိတွင် သင်တန်းသား လေယာဉ်မှူးများ ၏ အရေအတွက် နှင့် ထည့်သွင်း စဉ်းစား ကြည့်ပါက အမောင်းသင် လေယာဉ် အရေအတွက် မှာ ပြည့်စုံ လုံလောက်မှု မရှိကြောင်း ဗိုလ်ချုပ်ကြီး ရိုဆလန် ဆာအက် က ပြောကြားသည်။

အဆိုပါ လေယာဉ်များကို ဝယ်ယူမှုသည် ၁၉၈၃ ခုနှစ် ကတည်းက ဝယ်ယူခဲ့သော နှစ်ပေါင်း ၃ဝ ကျော် သက်တမ်း ကြာမြင့် နေပြီဖြစ်သည့် PC-7 Mark I အမျိုးအစား လေယာဉ် ၃၂ စင်းနေရာတွင် အစားထိုး အသုံးပြုရန် ဖြစ်ကြောင်း၊ မလေးရှား တော်ဝင်လေတပ် အနေဖြင့် KTU ရှိ သင်တန်းသား လေယာဉ်မှူး များကို လေ့ကျင့် သင်ကြားပေးရေး အတွက် ဒေသတွင်း ကုမ္ပဏီများမှ Eurocopter C_1200 အမျိုးအစား ရဟတ်ယာဉ် ခြောက်စင်း ကိုလည်း ငါးနှစ်ကျော် ကာလအတွက် ငှားရမ်း အသုံးပြုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ရိုဆလန် ဆာအက် က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

No comments:

Post a Comment