Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

ဝမ်းနည်းမှုကို ဆယ်နှစ်တိုင်တိုင်ခရီးထွက်ခြင်းဖြင့် ကုစားခဲ့သူ


မိခင်ဖြစ်သူကွယ်လွန်သွားတာကို ကြုံတွေ့လိုက်ရတဲ့ သားတစ်ယောက်ဟာ အထီးကျန်ဖြစ်တာကို ကုစားဖို့အတွက် အချိန်အကန့်အသတ်မရှိ ခရီးထွက်ရင်း စွန့်စားခန်းတွေရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ချစ်လှစွာသော ခွေးကလေး Spirit နဲ့အတူ Gureghian တို့နှစ်ဦးသားဟာ အမေရိကတခွင်ကို ဘေးတွဲပါ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ ဆယ်စုနှစ်တစ်ခုကြာအောင် ခရီးထွက်ခဲ့ကြပါတယ်။
လမ်းခရီးမှာ အချိန်အခါလိုက် ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေလည်း ကြုံခဲ့ရတယ်ဆိုတာ သူရိုက်ကူးခဲ့တဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံမှတ်တမ်းတွေက သက်သေပြနေပါတယ်။ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ Gureghian အီတလီနိုင်ငံက နေပယ်မြို့ကနေ အမေရိကန်ဖလော်ရီဒါအထိရောက်အောင် ခရီးဆက်ခဲ့တာဖြစ်ပါတယ်။ Gureghian နဲ့ သူ့ရဲ့အချစ်တော်ခွေးလေး Spirit တို့ရဲ့ဓါတ်ပုံတွေကို အွန်လိုင်းမှာ တင်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ ပရိသတ်အခိုင်အမာ ရလာခဲ့ပါတော့တယ်။
ဆယ်စုနှစ်အတွင်း ခွေးကလေး Spirit နဲ့ Gureghian တို့ သွားခဲ့သမျှ ခရီးအကွာအဝေးဟာ မိုင်ပေါင်း သုံးသိန်းလောက်ရှိခဲ့ပါတယ်။ အလယ်အမေရိကနဲ့ အနောက်အမေရိကတခွင်ကို သူတို့နှံ့စပ်အောင် လျှောက်သွားနိုင်ခဲ့ကြပါတယ်။

သူတို့ရဲ့ခရီးသွားမှတ်တမ်း ဗီဒီယိုဖိုင်တွေကို ဝက်ဆိုက်ပေါ်မှာ မှတ်တမ်း တင်ထားခဲ့ပြီး ဒီဝက်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူပေါင်းကလည်း ငါးသန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခွေးကလေး Spirit နဲ့ ခရီးအကြာကြီး သွားခဲ့ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ ခွဲမရအောင်ချစ်ကြသူတွေလည်း ဖြစ်နေပြီလို့ Gureghian ကပြောပါတယ်။ သူတို့ရဲ့ ခရီးသွားမှတ်တမ်း ဝက်ဆိုက်လိပ်စာကတော့ http://theoasisofmysoul.com
ဖြစ်ပါတယ်။
PlanetMyanmar

No comments:

Post a Comment