![]() |
Amtrak ရထားပေါ်က အသက်ရှင် ကျန်ရစ်သူတွေကို ကယ်ဆယ်စဉ် (Credit: Reuters) |
ရထားမတော်တဆမှုကြောင့် လူ ၇ ယောက် သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
ခရီးသွားလာမှု လုံခြုံရေးအရာရှိ Robert Sumwalt ရဲ့အဆိုအရ မတော်တဆမှု ဖြစ်ခဲ့တဲ့ အကွေ့မှာ ရထားကို တနာရီမှာ မိုင် ၅၀ နှုန်းသာ ပြေးဆွဲဖို့ ခွင့်ပြုထားပေမယ့် အဲဒီ ရထားက ဘာကြောင့် တစ်နာရီကို ၁၀၆ မိုင်နှုန်း မောင်းခဲ့သလဲဆိုတာကို စုံစမ်းနေတယ်လို့ ပြောပါတယ်။
အဲဒီရထားဟာ ဝါရှင်တန်မြို့နဲ့ နယူးယောက်မြို့ကို ပြေးဆွဲတဲ့ ရထား ဖြစ်ပါတယ်။
အဲဒီရထားဟာ ဝါရှင်တန်မြို့ကနေ Philadelphia မြို့က 30th Street ဘူတာမှာ ဘာကြောင့် မိနစ် ၂၀ ကြာ ရပ်တန့်ခဲ့ပြီး နောက်ပိုင်းမှာ ဘာကြောင့် အရှိန် ၂ ဆ မောင်းနှင်ရသလဲ ဆိုတာကို အာဏာပိုင်တွေက ရှင်းပြချက် မပေးထားပါတယ်။
ရထား ပြေးဆွဲမှု မှတ်တမ်းတွေ ဗီဒီယို မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးနေပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment