Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 8, 2015

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် တိရစ္ဆာန်ရုံများမှ ကျားနှင့် ခြင်္သေ့များ လွတ်မြောက်


ဝါရှင်တန် ၊ ၈-၅-၂၀၁၅

အမေရိကန် ပြည်ထောင်စု အလယ်ပိုင်းဒေသ တစ်ဝန်းတွင် လေဆင်နှာမောင်း များ ဝင်ရောက် တိုက်ခတ်ခဲ့ရာ ဒေသတွင်းရှိ လူနေအိမ် များနှင့် သစ်ပင်များ ပြိုလဲ ပျက်စီး ခဲ့ရကြောင်း ဒေသတွင်း မီဒီယာ တစ်ခုဖြစ်သည့် USA Today သတင်းစာက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လေဆင် နှာမောင်းများ တိုက်ခတ်မှုကြောင့် အိုကလာဟိုးမား မြို့ရှိ တိရစ္ဆာန်ရုံ မှ ကျား နှင့် ခြင်္သေ့များ လွတ်မြောက် သွားခဲ့ကြောင်း နှင့် ယင်း မုန်တိုင်းများသည် အမေရိကန် ပြည်ထောင်စု အလယ်ပိုင်း ပြည်နယ်များ ဖြစ်သော ကန်ဆက်၊ နီဘရာစကာ၊ တက္ကဆက် စသည့် ပြည်နယ် တစ်လျှောက် မေ ၆ ရက်မှ စတင်ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး ယင်း ဒေသများအတွင်း ဖြစ်ပွားခဲ့သည့် အပျက်အစီးနှင့် အသေအပျောက် စာရင်း အတိအကျ ကို မသိရ သေးကြောင်း နိုင်ငံပိုင် မိုးလေဝသဌာန က ထုတ်ပြန် ထားသည်။

ထို့ပြင် ဒေသအတွင်း၌ ယာဉ်မတော်တဆမှု များလည်း ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင် များက ပြောကြားခဲ့ကြောင်း၊ လေဆင်နှာမောင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသော ဒေသများတွင် ရေကြီးမှုများ ဖြစ်ပွားလျက် ရှိပြီး ကယ်ဆယ်ရေး အဖွဲ့များ နှင့် ဒေသ အာဏာပိုင် များက ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com

No comments:

Post a Comment