Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မတက်တော့ဘဲ မြန်မာနိုင်ငံကိုလာဖို့ ဆုံးဖြတ်လိုက်တဲ့ ကင်ဟေးဆူ

  တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီးကင်ဟေးဆူသည် (၆၈)ကြိမ်မြောက် ကိန်းစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့ မတက်ရောက်ဘဲ မြန်မာနိုင်ငံသို့ လာရောက်၍ ပရဟိတလုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်ဟု ၎င်း၏ အေဂျင်စီကပြောသည်။

ကင်ဟေးဆူသည် မေလလယ်တွင်ပြုလုပ်မည့် ကိန်းစ်နိုင်ငံတကာရုပ်ရှင်ပွဲတော်သို့တက် ရောက်ရန် ယခင်က အစီအစဉ်ရှိခဲ့သော်လည်း မြန်မာနိုင်ငံသို့လာရောက်ရန်သာ ဆုံးဖြတ်ခဲ့သည်။ ကင်ဟေးဆူ အဓိကပါဝင်သရုပ်ဆောင်ထားသော Coin Locker Girl ရုပ်ရှင်ဇာတ်ကားသည် နာမည်ကျော်ကြားသော ကိန်းစ်ရုပ်ရှင်ပွဲတော်၌ ပြသရန်ရွေးချယ်ခြင်းခံထားရသည်။ သို့ရာတွင် ကိန်းစ်ရုပ်ရှင်ပွဲတော်နှင့် ကင်ဟေးဆူ၏ ပရဟိတလုပ်ငန်းအစီအစဉ်များမှာ အချိန်တိုက်ဆိုင်နေ၍ ပရဟိတလုပ်ငန်း တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံသို့လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

ကင်ဟေးဆူသည် ၂၀၁၂ တွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)၏ အထူးကိုယ်စားလှယ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပြည်ပပရဟိတလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက် လျက်ရှိသည်ဟု အေဂျင်စီက ပြောသည်။

‘‘ကင်ဟေးဆူ မြန်မာနိုင်ငံကိုရောက်ဖူးပါတယ်။ အဲဒီမှာ ပရဟိတလုပ်ငန်းတွေလုပ်ခဲ့ပါတယ်။ မြန်မာပြည်က ကလေးတွေနဲ့ပေးထားတဲ့ ကတိကိုတည်ဖို့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မရွေးချယ်ဘဲ မြန်မာပြည်ကိုသွားဖို့ ရွေးချယ်ခဲ့တာပါ’’ဟု အေဂျင်စီက ပြောသည်။

ကင်ဟေးဆူသည် ယူနီဆက်ကိုယ်စားလှယ်အဖြစ် မေလလယ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိ မည်ဖြစ်သည်။
http://7daydaily.com/story/36420#.VUYVW5OIXap

No comments:

Post a Comment