Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

မြန်မာ့ပတ္တမြား စံချိန်တင်ဈေး ကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရောင်းထွက်


၂၅.၅၉ ကာရတ်ရှိ ခိုသွေးရောင် မြန်မာပတ္တမြားတလုံးကို ဂျီနီဗာမြို့တွင်ပြုလုပ်သော လေလံပွဲ၌ ကန်ဒေါ်လာ သန်း ၃၀ ဖြင့် စံချိန်တင် ရောင်းထွက်ခဲ့ကြောင်း သိရသည်။
ယင်းပတ္တမြားကို လေလံအပြိုင်ဆွဲကြခဲ့ပြီး အမည်မသိသူတဦးက တယ်လီဖုန်းမှတဆင့် ဆွစ်ဖရန့်ငွေ ၂၆ ဒဿမ ၂၅ သန်းဖြင့် ၀ယ်ယူခဲ့ဖြင်း ဖြစ်သည်။
Cartier ရတနာတိုက်ပိုင်ဖြစ်သော အဆိုပါပတ္တမြားကို ကနဦးက ဒေါ်လာ ၁၂ သန်း မှ ၁၈ သန်းခန့်ဖြင့် ရောင်းထွက်မည်ဟုခန့်မှန်းခဲ့ကြသည်။ ယင်း ဒေါ်လာ သန်း ၃၀ သည် စံချိန်တင် ပတ္တမြားဈေးဖြစ်သည့်အပြင် Cartier ရတနာတိုက်၏ စံချိန်လည်းဖြစ်ကြောင်း Sotheby’s လေလံကုမ္ဗဏီ က ပြောသည်။
Gemoligical Institute of America ၏အဆိုအရ ပြင်သစ်ဘုရင် နပိုလီယံ၏တူမ မင်းသမီး မက်တေးလ်ဒါပိုင်ဆိုင်ခဲ့သော ၈.၇၂ ကာရတ် အလေးချိန်ရှိ ပန်းရောင်အသွေးရှိ ရှားပါးစိန်တလုံးကိုလည်း ဒေါ်လာ ၁၅ ဒဿမ ၉ သန်းဖြင့် ရောင်းထွက်ခဲ့ကြောင်း သိရသည်။ ယင်းနောက် အဆိုပါစိန်လက်စွပ်ကို အမေရိကန်ဆီနိတ်တာ ၀ီလျံအေကလပ်၏အမွေခံသမီး ပရဟိတလုပ်ငန်းများလုပ်ကိုင်သူ Huguette Clark က ပိုင်ဆိုင်ခဲ့ပြီး ၁၉၄၀ နှစ်များက ဘဏ်တိုက်တခုတွင် အပ်နှံထားခဲ့ရာမှ မကြာမီကာလက ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ သူမသည် အထီးကျန်ဘ၀ဖြင့်နေထိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သက်တမ်းရင့်စိန်ဖြစ်ပြီး ယင်း၏အသွေးအရောင်နှင့်အခြား ၀ိသေသလက္ခဏာများအရ အိန္ဒယနိုင်ငံမှ နာမည်ကျော် Golconda ရတနာသိုက်ထွက်ဖြစ်နိုင်သည်ဟု Southeby’s လေလံကုမ္ဗဏီမှ ဒေးဗစ်ဘန်းနက် က ပြောသည်။
အင်္ဂါနေ့က ပြုလုပ်ခဲ့သောအဆိုပါလေလံပွဲတွင် Cartier တိုက်မှ မြန်မာ့နီလာနားဆွဲနှင့် စိန်များကို ဒေါ်လာ ၃ ဒဿမ ၉ သန်းဖြင့် ရောင်းထွက်ခဲ့သည်။
ရည်ညွှန်း - AFP1



No comments:

Post a Comment