Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 14, 2015

ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များ မူလမဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ခံယူရမည်

 လက်ရှိ လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီ ကိုယ်စားပြုရွေးချယ်တင်မြှောက် ခံထားရသူများသည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ၎င်းတို့၏ မဲဆန္ဒနယ်၌ ထပ်မံယှဉ်ပြိုင်မည့်ကိစ္စရပ်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်အရဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 လွှတ်တော်ကိုယ်စားလှယ် များ၏ သက်ဆိုင်ရာမဲဆန္ဒနယ် အတွင်း ဆောင်ရွက်ချက်များအ ပေါ်မူတည်၍ ပြည်သူများ၏ သဘောဆန္ဒအရ ဆောင်ရွက်မည် ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်က ပြောသည်။
‘‘လက်ရှိအရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လာ မယ့်ရွေးကောက်ပွဲမှာ အဲဒီနေရာ ကပဲ ပြန်အရွေးခံရမှာ မဟုတ် ဘူး။ အဓိကက ပြည်သူတွေလို လားသဘောကျတဲ့ ကိုယ်စား လှယ်ဖြစ်ရပါမယ်။ အဲဒါကို ဦးစားပေးပါတယ်။ နောက်ဆုံးအဆုံး အဖြတ်ကတော့ CEC ဆုံးဖြတ် ချက်ပါပဲ။ ဒီလိုဆောင်ရွက်မှာဖြစ် လို့ တချို့လည်း ပြန်ပါချင်မှ ပါ တော့မှာပေါ့’’ဟု ဦးထွန်းထွန်းဟိန်က ပြောသည်။
 လက်ရှိအခြေခံဥပဒေအရ ကျင်းပပြုလုပ်သော ၂၀၁၀ ရွေး ကောက်ပွဲကို NLD က သပိတ် မှောက်ပြီး ပါဝင်ယှဉ်ပြိုင်ခြင်းမပြု ခဲ့သော်လည်း ၂၀၁၂ တွင် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် ၄၀ ကျော်တွင် အားလုံးနီးပါးအနိုင်ရရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ၉၅ ရာခိုင်နှုန်း ကျော် အနိုင်ရရှိခဲ့သည်။
လွှတ်တော်အတွင်း ရောက် ရှိနေသော NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် အများစုမှာ ရွေးကောက်ပွဲဝင် လိုသည့် ဆန္ဒရှိပြီး အသက်အရွယ်ကြီးရင့်သူအချို့မှာမူ အနားယူ မည်ဖြစ်ပြီး မိမိတို့ ကိုယ်စားလှယ် တာဝန်ထမ်းဆောင်စဉ် သက်တမ်းတစ်လျှောက် လုပ်ဆောင်နိုင်သည့်ကိစ္စရပ်များကို အားစိုက်လုပ်ဆောင်ခဲ့ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်အချို့ကပြောသည်။
http://7daydaily.com/

No comments:

Post a Comment