Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 16, 2015

မြန်မာ့ပုဂ္ဂလိကကဏ္ဍ အာရှဖွံ့ဖြိုးရေးဘဏ်က ဒေါ်လာ ၁ ဘီလီယံ ကူညီမည်


 အစိုးရ ပါဝင်ပတ်သက်တာ မရှိတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က ၂၀၁၆ မကုန်မီ အမေရိကန်ဒေါ်လာ ဒေါ်လာ ၁ ဘီလီယံအထိ ပံ့ပိုးကူညီဖို့ မျှော်မှန်းထားပါတယ်။

မြန်မာနဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ဟာ ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ မူဘောင်သဘောတူညီချက်တစ်ရပ်ကို မေ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီး ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာပါ။

အဲဒီသဘောတူညီချက်အရ မြန်မာနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ စီးပွားရေး စီမံကိန်းတွေကို အေဒီဘီက ချေးငွေ၊ ရှယ်ယာရင်းနှီးမြှုပ်နှံမှုနဲ့ အာမခံချက်တွေ၊ ပြီးတော့ အေဒီဘီက စီမံခန့်ခွဲတဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေရဲ့ ချေးငွေနဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေကို တိုက်ရိုက်ပံ့ပိုးနိုင်တော့မှာ  ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မတိုင်မီ ၀င်ငွေအလယ်အလတ်နိုင်ငံ အဆင့်ကို ရရှိဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိနေတယ်လို့ အေဒီဘီက ခန့်မှန်းထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment