Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

မဟာချိုင်ပုဇွန်ရုံတွင် လူကုန်ကူး ခံနေရသည့် မြန်မာ၄၄ ယောက်အား ကယ်ထုတ်




မဟာချိုင် ၂၀၁၅ မေလ ၁၂ ရက်

စမွတ်စာခွန်ခရိုင် မဟာချိုင် ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် လူကုန်ကူးခံရပြီး ကြွေးမြီဖြင့် ချုပ်နှောင် ခံနေရသူ ၄၄ဦးတို့အား မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီက  မဟာချိုင်ရဲတပ် ဖွဲ့နှင့် ယနေ့  ကယ်ထုတ်နိုင်လိုက်သည်။

ကော့စမုတ်ရပ်ကွက် ၉လမ်း ခြံအမှတ် ၁၁၈/၁၄ ထိုင်ယူနီယံ ပုဇွန်ကုမ္ပဏီ နောက်ဘက်တွင်ရှိသည့် ပုဇွန်အခွံ ခွာသည့်အလုပ်ရုံမှ အလုပ်သမားလုပ်နေရာမှ နှိပ်စက်ညှင်းပန်း ခံရသဖြင့် MAT ရုံးသို့ ထွက်ပြေးရောက်ရှိ လာခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အဖွဲ့သည် မြန်မာသံအမတ်ကြီးနှင့် မဟာချိုင် နှင့် ဖက်ကဆင်တို့တွင် ရှိသော စစ်တပ်သို့ ၃ရက်တိုင်တိုင်သွားရောက်၍ အချက်အလက်များပြကာ အကူ ညီ တောင်းခံခဲ့ကြပါသည်။ သို့ရာတွင် အဆိုပါ ပုဇွန်အလုပ်ရုံသို့ စီးနင်းဝင်ရောက်နိုင်ခြင်းမရှိခဲ့ချေ။

ယနေ့ မွန်းလွဲပိုင်က မဟာချိုင်၎ထပ်မှ ရဲအရာရှိကြီးများက ပြီးခဲ့သည့် ၂ရက်နေ့က ထိုင်းတီဗီ ၈လိုင်းမှ ထုတ်လွှင့်ပြသသွားသည့် မဟာချိုင်ပုလိပ်တုများ မြန်မာအလုပ်သမားများအား ဖမ်းစားနေမှု တို့ ဟုတ်မဟုတ်အား အထောက်အထားလာရောက်စစ်ဆေးခဲ့သည်။ တပြိုင်တည်းတွင် ကန်ချနဘူရီနယ် မှ စွန်ပစ်ခံရသည့် မိသားစုဝင်တို့၏ သားငယ်သေဆုံးမှုများစသည်တို့အား လာရောက်မေးမြန်းစစ်ဆေးခဲ့သည်။

 ရဲအရာရှိကြီးများ မဟာချိုင်MAT ရုံးကိုရောက်လာမှုအား အခွင့်ကောင်းယူ၍ လာရောက်ခိုလှုံ နေသော ပုဇွန်အလုပ်ရုံမှ အလုပ်သမားများ ပြသစေလျှက် အခန်းပိတ်လှောင်ခိုင်းစေခံရသူ များကို စီးနင်းကယ်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ကျနော်တို့ရုံးကိုထွက်ပြေးရောက်ရှိလာသူဟာ လုပ်ငန်းရှင်က လက်ထိပ်နဲ့ရိုက်လို့ နားစုတ်ပြဲသွားခဲ့သူဖြစ်တယ်။ အဲဒီအလုပ်ရုံထဲမှာ ပြန်ပြောလို့ဆိုပြီး အလုပ်သမားတစ် ယောက်ကို လုပ်ငန်းရှင်က သေနတ်နဲ့ နားထင်ကိုတေ့ပြီး နားရင်းကိုရိုက်ပါတယ်။ တစ်ယောက်ထွက်ပြေး သွားလို့ မသိရကောင်းလားလို့ဆိုပြီး ၁၀ ရက်လောက်အခန်းပိတ်ထားလိုက်တာရှိတယ်၊ ထိုင်းမှာ တော်ရုံ နဲ့အလုပ်ရုံကိုဝင်မစီးကြဘူး။ ကျနော်တို့ တိုက်တွန်းရတာ ပင်ပန်းပါတယ်။ ဒါတောင် မြန်မာသံရုံးကရပ်နေ လို့ အားရှိနေတာ” ဟုပြောသည်။

MAT အဖွဲ့ သည် ၂၀၁၅ နှစ် အတွင်း ယခုအကြိမ်ထိ လူကုန်ကူးမှုကယ်တင်ခြင်း ၈ကြိမ်အတွင်း လူကုန်ကူး ခံရသူပေါင်း ခြောက်ဆယ်ကျော်ကိုကယ်တင်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ခရမ်းသားလေး+ဆန်းဦး
 Golden Worker
http://www.goldenworkers.asia

No comments:

Post a Comment