Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 4, 2015

ထိုင်းတောင်ပိုင်းတွင် အသက်မသေဘဲ ကျန်နေခဲ့သူ သူ့နိုင်ငံသား ဟုတ်/မဟုတ် ဘင်္ဂလာဒေရှ့်က စစ်ဆေးမည်


မေလ ၅

 ထိုင်းနှင့် မလေးရှားနယ်စပ်မှာ အလောင်း ၂၆ လောင်းတွေ့ရှိပြီးနောက် အသက်မသေဘဲ ကျန်နေခဲ့တစ်ဦးကို သူ့နိုင်ငံသား ဟုတ်/ မဟုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဘင်္ဂလာဒေရှ့် တာဝန်ရှိသူတွေက ပြောသည်။

BDnews.24 သတင်းတွင် အဆိုပါ ကျန်ရစ်သူမှာ ဘင်္ဂလာဒေရှ့်နိုင်ငံသား ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသဖြင့် သူ့နိုင်ငံသား ဟုတ်/ မဟုတ်ကို စစ်ဆေးရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘင်္ဂလာဒေရှ့် သံရုံးမှ ထိုင်းတာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံနေပြီး အသက်မသေဘဲ လွှတ်မြောက်လာသူနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

ထိုင်းအစိုးရတာဝန်ရှိသူများက ထိုင်းနှင့် မလေးရှားနယ်စပ်တွင် မြန်မာနှင့် ဘင်္ဂလာဒေရှ့်မှဟု ယူဆရသော ရွှေ့ပြောင်း အလုပ်အကိုင်ရှာဖွေသူ ၂၆ ဦး၏ အလောင်းများကို မြုပ်နှံထားသော မြေကျင်းများထဲမှ ရှာဖွေ တူးဖော်ခဲ့သည်ဟု ပြောသည်။

ဘင်္ဂလာဒေရှ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းတစ်ရပ်ထုတ်ပြန်ရာတွင် ဘန်ကောက်ရှိ ဘင်္ဂလာဒေရှ့် သံရုံအနေဖြင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၊ လူမှုရေးနှင့် လူ့အခွင့်အရေး ၀န်ကြီးဌာနတို့နှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း၊ အမြန်ဆုံးတွေ့ခွင့်ရရေး စီစဉ်ပေးရန် တောင်းဆိုထားကြောင်း ပါရှိသည်။

ထိုင်းနိုင်ငံခြားရေး ဌာနမှ အဆိုပါ ကိစ္စနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုအခါ ယင်းအသက်မသေဘဲ ကျန်ရစ်သူအား ဆေးရုံတင်ထားရကြောင်း၊ ကျန်းမာရေး အခြေအနေမှာ ပုံမှန် အတိုင်း ရှိကြောင်း ပြန်ကြားထားသည်ဟု သိရသည်။

ယခု လူသေအလောင်း ၂၆ လောင်းအား တွေ့ရှိထားသော နေရာသည် မလေးရှားသို့ လူမှောင်ခို ကူးသူများ ခိုအောင်းရာ နေရာ တောနက် တစ်ခု ဖြစ်ပြီး  အများစု လူမှောင်ခို ကူး ခံရသူများမှာ မြန်မာနှင့် ဘင်္ဂလာဒေရှ့်နယ်စပ်တွင် နေထိုင်သူ ဘင်္ဂလီများ ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment