Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

၂၀၁၅တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန် ပထမပတ်တွင် ထုတ်ပြန်မည်ဟုဆို


ရန်ကုန်၊ မေ ၁၁ – ယခုနှစ်တွင် ဖြေဆိုထားသော တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ဇွန် ပထမပတ် တွင် ထုတ်ပြန်နိုင်ကြောင်း မြန်မာနိုင်ငံ စာစစ်အဖွဲ့ဦးစီးဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

၂၀၁၄-၁၅ ပညာသင်နှစ်အ တွက် တက္ကသိုလ်ဝင်တန်းအောင်စာ ရင်းကို ဇွန်လအတွင်း၌ထုတ်ပြန်ပေး သွားမည်ဖြစ်ပြီး ဖြေဆိုထားသော ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် မိမိတို့ဖြေဆိုခဲ့ကြသော စာစစ် ဌာနများတွင် သွားရောက်ကြည့်ရှုရ မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိစာ စစ်ဌာနအသီးသီးတွင် ဖြေဆိုထားသော အောင်စာရင်းကို ရန်ကုန်တိုင်းဒေသ ကြီးရှိ နေရာခြောက်နေရာတွင်ထုတ် ပြန်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

”အပြောင်းအလဲတော့မရှိပါ ဘူး။ အောင်စာရင်းကို အရင်နှစ်အ တိုင်း ခြောက်လပိုင်းအစလောက်မှာ ထုတ်ပြန်ပေးပါလိမ့်မယ်။ မနှစ်ကလို ရရက်၊ ဒါမှမဟုတ် ၈ရက် အဲဒီဝန်း ကျင်လောက်မှာပဲ ထုတ်ပြန်ဖို့များပါ တယ်။ တစ်နိုင်ငံလုံးကဖြေထားတာ တွေကို တစ်နေရာတည်းမှာကြည့်လို့ ရမယ့်နေရာကိုတော့ ရန်ကုန်တိုင်းက နေရာခြောက်နေရာမှာ ကပ်ပေးမှာ ပါ”ဟု အဆိုပါအရာရှိက ပြောသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ခြောက်သိန်းကျော် ဝင်ရောက်ဖြေဆို ခဲ့ပြီး တစ်နိုင်ငံလုံးမေးခွန်းတစ်စုံသာ မေးမြန်းခဲ့ကာ နိုင်ငံခြားစာစစ်ဌာန အတွက် မေးခွန်းတစ်စုံနှင့် အရံတစ်စုံ သာထားရှိခဲ့ကြောင်း သိရသည်။

”အွန်လိုင်းကနေကြည့်ဖို့အတွက် တော့ ကြိုးတော့ကြိုးစားနေတယ်။ ဒါ ပေမဲ့ပြောလို့မရသေးဘူး။ အောင်စာ ရင်းနဲ့ပတ်သက်ပြီး လုပ်ရိုးလုပ်စဉ်တွေ ဖြစ်တဲ့ လုပ်ငန်းစဉ်တွေကတော့လုပ် ဆောင်သွားမှာပါ”ဟု ယင်းကဆက် လက်ပြောသည်။

ယမန်နှစ်က တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို ရုပ်မြင်သံကြား အစီအစဉ်များမှတစ်ဆင့် ထုတ်ပြန် ပေးခြင်းများ ပြုလုပ်ပေးခြင်း၊ နိုင်ငံ ပိုင်သတင်းစာများမှ ထုတ်ပြန်ပေး ခြင်းများကို ပြုလုပ်ပေးခဲ့ပြီး ယခု နှစ်တွင်လည်း ယင်းနည်းလမ်းများ ကို အသုံးပြုပြီး အောင်စာရင်း ထုတ်ပြန် ကြေညာပေးမည်ဖြစ် ကြောင်း သိရသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အ တွက် တက္ကသိုလ်ဝင်တန်းကို တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၄၁၉၄၆ဦး ဖြေ ဆိုခဲ့ပြီး အောင်မြင်သူ ၁၇၁၆၄ရဦး ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၁ဒသမ ၆ရရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

၂၀၁၄ခုနှစ် ဇွန်လရရက်တွင် ထုတ်ပြန်ခဲ့သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများအရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် မွန်ပြည်နယ် မှာ အောင်ချက်အကောင်းဆုံးဖြစ်ခဲ့ ပြီး ယင်း၏နောက်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ အသီးသီး ရပ်တည်ခဲ့ကြောင်း သိရသည်။

yangon media group

No comments:

Post a Comment