Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 22, 2015

အစ်ကို့ ကိုကယ်ချင်လို့ ကျွန်မကို လက်ထပ်ပါ

အေသင်အောင်
       တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ဂျင်အန်အရပ် ဒေသမှာနေထိုင်တဲ့ အမျိုးသမီး တစ်ဦးဟာ နားမကျန်းဖြစ်နေတဲ့ အစ်ကိုဖြစ်သူကို ကယ်တင်နိုင်ဖို့ အတွက် ထူးခြားတဲ့ အပြုအမူတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။ အဲဒါကတော့ သူ့ကိုလက်ထပ်ယူဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ အသက် (၂၅)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဖန်ပင်းယီဟာ အစ်ကို ဖြစ်သူကို ကယ်တင် ချင်လို့ ကျွန်မကို လက်ထပ်ကြပါလို့ ရေးသားထားတဲ့ စာကို ကိုင်ဆွဲပြီ လူစည်ကားရာ နေရာ တွေကို သွားရောက် တောင်းဆိုခဲ့ပါတယ်။ ဖန်ပင်းယီရဲ့ အစ်ကိုဟာ အဆုတ်ရောဂါနဲ့ ဦးနှောက်အမြှေးပါးရောင် ရောဂါဝေဒနာ ခံစားနေရတာဖြစ်ပြီး၊ လက်ရှိ အချိန်မှာ အရေးပေါ်ကုသမှု ခံယူနေရပါတယ်။
                ဒီရောဂါကို ပျောက်ကင်းအောင် ကုသမယ်ဆိုရင် ပေါင် (၅၀၀၀)လောက် ကုန်ကျမှာဖြစ်ပါတယ်။ ဖန်ပင်းယီရဲ့ ဖခင် ဖြစ်သူဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ ဆေးရုံတက်ခဲ့ တာကြောင့် ပေါင်(၁၀၀၀)လောက်ကုန် ကျခဲ့ပါတယ်။ ဖန်ပင်းယီရဲ့ မိဘနှစ်ပါးဟာ အသက်ကြီးနေတာကြောင့် အလုပ်လုပ်နိုင် စွမ်း မရှိတော့ပါဘူး။
                ဒါကြောင့် ဖန်ပင်းယီတို့ မိသားစုဟာ အကြွေးတွေပတ်လည်ဝိုင်းနေပြီး ဒုက်္ခ တွေ့နေတာမို့ သူ့ကို လက်ထပ်ယူပြီး ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကို ဖြေရှင်း ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ဖန် ပင်းယန်ဟာ လက်ထပ်ရမယ့်သူကို မည် သည့် သတ်မှတ်ချက်မျှ ထားရှိခြင်း မရှိဘဲ ဘယ်သူ့ကို မဆို ပေါင်းသင်း သွားမှာဖြစ် ပါတယ်။ ဒီဖြစ်ရပ်ကို မီဒီယာတွေက သိရှိ ပြီးနောက် ရေးသား ဖော်ပြမှုတွေ ပြုလုပ်ခဲ့ရာ ဖန်ပင်းယီကို ဖုန်းဆက်သွယ်မှု ပြုလုပ်ပြီး ကူညီလှူဒါန်းခဲ့ရာ ပေါင် (၆၀၀) ရရှိ ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဖန်ပင်း ယီဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ တစ်နေ့ ယွမ် (၃၀)ပေးရတဲ့ တည်းခိုခန်းတစ်ခုမှာ ငှားနေပြီး မင်္ဂလာဝတ်စုံကို တစ်နေ့ ယွမ် (၁၀၀)နဲ့ ငှားရမ်းပြီး နေ့စဉ်လမ်းမပေါ် ထွက်ကာ အကူအညီ တောင်းခံနေဆဲ ဖြစ်ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=36272

အစ်ကို့ ကိုကယ်ချင်လို့ ကျွန်မကို လက်ထပ်ပါhttp://www.themeltingpot4u.com/2015/05/blog-post_9149.html

Posted by The Melting Pot 4 U on Friday, 22 May 2015

No comments:

Post a Comment