Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 21, 2015

ပျိုမေ့အမေး မမအဖြေ(လက်မထပ်ခင်အတူနေကြတဲ့ကိစ္စ)

***ပျိုမေ့အမေး မမအဖြေ***
===========================
မေး။ ။ မမ ရှင့်၊ သမီးခုမေးချင်တာက.. ခုခေတ်မှာသမီးရည်းစားဖြစ်တာနဲ့ အတူနေ၊ အတူအိပ်ကြတာ နိုင်ငံတကာမှာတော့ မဆန်းတော့သလိုဖြစ်နေပါပြီ၊ တကယ်တမ်းတွေးကြည့်ရင် အိမ်ထောင်မပြုနိုင်ခင်စပ်ကြား သွေးသားကိစ္စလည်းအဆင်ပြေ၊ တစ်ဦးနဲ့တစ်ဦးလည်းနားလည်မှုပိုရှိလာပြီး ပိုပြီး အပေးအယူမျှလာနိုင်တာမို့ အိမ်ထောင်မပြုခင် အဲလိုအတူနေကြတာပိုကောင်းတယ်လို့ထင်ပါတယ်…တကယ်လို့ အဆင်မပြေခဲ့ရင်လည်း လက်မထပ်ခင်ကတည်းက စောစောစီးစီးလမ်းခွဲလို့ရပြီး နောက်တစ်ယောက်ပြောင်းလို့ရတာပေါ့…သမီးရဲ့ ချစ်သူကလည်း အဲလိုနေချင်ပါတယ်တဲ့.. အဲဒါ..မမ အနေနဲ့ဘယ်လိုမြင်ပါသလဲ ဖြေပေးပါလား..
ဖြေ။ ။ အိုကွယ်.. အတူနေတယ်..မနေဘူးဆိုတာကတော့ ညီမလေးရဲ့သဘောပါပဲကွယ်၊ ဒါပေမယ့်…ညီမလေးကို တစ်ခုပြောရအုံးမယ်… မမတို့မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းပိုက်သွားတော့… မမတို့မြေကို သူတို့ပိုင်ပြီဆိုတာနဲ့ အကြိမ်ပေါင်းများစွာ..သူတို့ပြုသမျှခံခဲ့ရတယ်မို့လား… ရှိသမျှမြေပေါ်မြေအောက်အဖိုးတန်ပစ္စည်းတွေရသမျှ ယူသွားပြီး သူပြန်သွားတာ့ အမြောက်ဒဏ်..ဗုံးဒဏ်တွေနဲ့ ဖွာလန်ကျဲပြီးကျန်ခဲ့တာပဲမို့လား… 

အင်္ဂလိပ်ပြီးလို့ ဂျပန်နဲ့ပတ်သက်တော့လည်း…အဲလိုပဲ…သူတို့လိုချင်တာတွေသာယူသွားပြီး… ထင်သလိုသောင်းကျန်းခဲ့တော့ နောက်ဆုံးလွတ်လပ်ရေးလည်းရရော… ထင်သလိုသောင်းကျန်းသွားခဲ့တဲ့မြေမှာ … ဒဏ်ရာတွေဗရပွနဲ့ ဖွာလန်ကျဲပြီးကျန်ခဲ့တာမို့လား… ညီမလေးရေ… ပထမရည်းစားက အင်္ဂလိပ်လိုကောင်မျိုးဖြစ်မယ်… ဒုတိယရည်းစားကလည်း ဂျပန်လိုကောင်မျိုးဖြစ်မယ်ဆိုရင်... ညီမလေးအပေါ်တကယ်ချစ်တဲ့သူကိုတွေ့လို့ လက်ထပ်မယ့်အချိန်လည်းကျရော…သူတို့နဲ့ အတူနေအတူအိပ်ခဲ့တဲ့ညီမလေးဟာ… လွတ်လပ်တော့လွတ်လပ်ပါရဲ့ စစ်ဘေးစစ်ဒဏ်ကြောင့်.. ဖွာလန်ကျဲပြီးကျန်ခဲ့တဲ့ မြန်မာပြည်လိုဖြစ်နေတော့မယ်…. 
စဉ်းစားပေါ့ကွယ်…
credit - ပျိုမေတို့မေးချင်ရာမေး

No comments:

Post a Comment