Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး (၅)

ဒီနေ့ဆက်လက်ဆွေးနွေးမဲ့အကြောင်းအရာကတော့ Bearing Capacity Failure. တကယ်တော့ရွှေတိဂုံဘုရားက ဘယ် ground material ပေါ်မှာအုတ်မြစ်ချထားလဲ၊ ဘယ်လိုအုတ်မြစ်ချထားသလဲ ၊ ဘယ်လောက်နက်သလဲ ၊ အောက်မှာဘာတွေရှိနေသလဲ ဆိုတာမသိတဲ့ အတွက်သေချာပြောလို့မရပါဘူး ။ တချို့တွေကလည်း ကျွန်တော့်ကို over thinking လို့ကွယ်ရာမှာပြောနေကြတယ်။ ကျွန်တော့်အတွက်တော့ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ ယုံကြည်နေတဲ့ အတွက် over thinking မဟုတ်ပါဘူး ၊ ဖြစ်နိုင်ချေတွေကိုကြို ပြီးတွက်ဆထားတဲ့ potential thinking ပါလို့ပြောထားပါရစေ ။ တကယ်တော့ကမ္ဘာမြေဟာ သူ့ရဲ့ကမ္ဘာကြီးရဲ့ဖြစ်စဉ်တွေနဲ့ဖြစ်ပျက်ပြောင်းလဲနေတာပါ။ သဘာဝဘေးအန္တရာယ်ဆိုတာလည်း ကမ္ဘာဦးကတည်းက ရှိနေပါတယ်။ အခုခေတ်ကာလမှာတော့လူတွေရဲ့မဆင်မခြင်မြေနဲ့သယံဇာတထုတ်ယူသုံးစွဲခြင်းကနေ သဘာဝဘေးအန္တရာယ်တွေကိုကြီးမားလာအောင်နဲ့ကြိမ်ဖန်များစွာ ဖြစ်ပျက်လာအောင် လှုံ့ဆော်နေပါတယ်။ ဥပမာအားဖြင့်ပြောရရင် ရန်ကုန်မှာ ယခင်က နှစ် ၂၀ - ၃၀ လောက်မှရေတစ်ခါကြီးပါတယ်။ အခုတော့နှစ်တိုင်းရေကြီးလာပါတယ်။ အဲ့ဒါတွေက လူတွေရဲ့အမျိုးမျိုးသောမဆင်ခြင်မှုတွေကြောင့်ပါ။ အဲ့ဒါကြောင့်ဖြစ်လာနိုင်ခြေကို ကြိုတင်တွက်ဆထားတာဟာ အန္တရာယ်အကင်းဆုံးပါ။
-
Bearing capacity failure ဆိုတာကတော့ အပေါ်က အဆောက်အဦးရဲ့အလေးချိန်ကိုမြေသားက မခံနိုင်လို့မြေကျွံဝင်မှုပါ ။ ကျွန်တော်ရဲ့မိဘလိုသဘောထားတဲ့ဆရာတစ်ယောက်ကတော့ settlement နဲ့ bearing capacity ဒီလိုနှိုင်းယှဉ်ပြထားပါတယ်။ ဆန်အိတ်ကိုထမ်းလိုက်လို့ခါးနာသွားတာ ဒါဏ်ဖြစ်သွားတာ settlement ပါ၊ ခါးရိုးကိုတူနဲ့ထုလို့အက်သွားကျိုးသွားတာ Bearing capacity ပါတဲ့ ။ Bearing capacity က မြေကြီးရဲ့အလေးချိန်နှင့်သိပ်သည်းမှု (density) ၊ မြေကြီးရဲ့လျောပြတ်ခံနိုင်ဝန် (shear strength) နဲ့အုတ်မြစ်ရဲ့အရွယ်၊ အနက်၊ နဲ့ ပုံသဏ္ဍန်ပေါ်မှာမူတည်ပါတယ်။ အကြမ်းဖျင်းအားဖြင့်ပြောရရင်တော့ အုတ်မြစ်ဆိုဒ်သေးပြီး ခံနိင်ရည်အားနည်းတဲ့မြေမျိုးဆို bearing capacity failure ဖြစ်တတ်ပါတယ် ၊ အကယ်၍အဆောက်အဦးရဲ့အလေးချိန်များလာရင်ပေါ့ ။ Bearing capacity failure ဖြစ်လာရင် အဆောက်အဦးဟာမြေသားထဲကျွံဝင်ဒါမှမဟုတ် စောင်းပြီးပြိုတတ်ပါတယ်။ ပုံ (၁) လိုပေါ့ ။ ပုံ (၂ ) ဖေါ်ပြထားတဲ့ပုံကြမ်းကတော့ bearing capacity failure ရဲ့ဝိသေသလက္ခဏာဖြစ်တဲ့ slip plane ပေါ်လာတာပါ။
-
Bearing capacity ဟာမြေသား သို့မဟုတ် ကျောက်သားရဲ့အလွှာတွေ အနေအထားကိုလိုက်ပြီးပြောင်းတတ်သလို မြေပြန့်မှာရှိတဲ့ အခြေအနေနဲ့တောင်စောင်းမှာရှိတဲ့ အခြေအနေကွာတတ်ပါတယ်။ တောင်စောင်းမှာဆို ပိုသတိထားရပါတယ်။ ပုံ (၃) ပါ။ နောက်ပြီး အဓိကသက်ဆိုင်နေတာမြေအောက်ရေပါ ။ မြေအောက်ရေကြောဟာ အုတ်မြေအခြေနဲ့ဝေးလေကောင်းလေပါဘဲ ။ ဟုတ်ကဲ့ပါ ဒဂုံစီးတီးရဲ့ excavation ကြောင်မြေအောက်ရေကြေနိမ့်သွားတဲ့အခါ ရွှေတိဂုံအတွက်ပို safe ဖြစ်တာပါပေါ့ ။
-
ဒါပေမဲ့သုံးသပ်စရာတစ်ချက်ကျန်နေပါသေးတယ်။ တစ်ချက်မဟုတ်ပါဘူး နှစ်ချက်ပါ ။ ပထမတစ်ချက်ကတော့ ဆံတော်တွင်း ရှိနေတယ်ဆိုတော့ underground cavity ရှိနေတဲ့သဘောပါ။ ဆံတော်တင်ထားတဲ့လှေဟာအဲ့ဒိ cavity ထဲမှာရှိနေပုံပါ။ နောက်ပြီးရေတက်ရေကျ ရှိတယ်လို့ဆိုပါတယ်။ အကယ်၍ အဲ့ဒိဆံတော်တွင်းရဲ့နံရံဟာ ရွှေတိဂုံစေတီရဲ့အလေးချိန်ကိုမထမ်းဘဲ လွတ်လတ်စွာတည်ရှိမယ်ဆိုရင်တော့ ပြသနာမရှိနိုင်ပေမဲ့ သူက circular pile သဘောမျိုးနဲ့ရှိနေတဲ့အခါ မြေအောက်ရေကျသွားတဲ့ အချိန်မှာ skin friction loss ဖြစ်လာနိုင်ပါတယ် ။ soil arching effect ကြောင့်ပါ။ များသွားပြီထင်ပါတယ် ။ 
-
နောက်တချက်ကတော့ရွှေတိဂုံဘုရားဟဘယ်မြေသား ကျောက်သားပေါ်မှာ တည်ထားလဲဆိုတာ သေချာမသိသေးတာပါ ။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ remote sensing sense ရယ်၊ ရွှေဂုံတိုင်မှာလုပ်ခဲ့တဲ့ အတွေ့အကြုံကြောင့် အာဇာနည်ကုန်းကျောက်စဉ်စု (သဲကျောက်) လို့ခန့်မှန်းလိုက်တာပါ။ တကယ်တော့ အာဇာနည်ကုန်းသဲကျောက် ပဲဖြစ်ဖြစ် တခြားကျောက်ပဲဖြစ်ဖြစ် ရွှံစေးဆန်တဲ့ shale အလွှာအနည်းနဲ့အများပါ ပါတယ်။ shale ကျောက်ဟာမြေအောက်ထဲမှာရေအောက်ထဲမှာဆိုဘာမှမဖြစ်ပေမဲ့ ရေတက်ရေကျဒါဏ်ကိုမခံနိုင်ပါဘူး ။ စိုလိုက်ခြောက်တဲ့ဖြစ်တဲ့အခါမှာကြေမွသွားပါလိမ့်မယ် ။ slaking effect လို့ခေါ်ပါတယ်။ ပုံ (၄)မှာပြထားပါတယ်။ အဲ့ဒိအခါမှာ သူ့ရဲ့ခံနိုင်ရည်အားကျသွားပြီးbearing capacity failure ဖြစ်သွားနိုင်ပါတယ်။
-
တကယ်တော့ ဒီပို့စ်တွေဟာ မြန်မာပြည်မှာကျန်နေတဲ့ ကျွန်တော့်ကျောင်းသားတွေကို သင်ကြားဖို့ရည်ရွယ်တာပါ ။ အခုပြောနေတဲ့ terms တွေကိုသူတို့ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့တပည့်ကျော်တွေက ဆရာ့ကို တရားစွဲရင်သူတို့ပါ ပါမှာကြောက်လို့လားတော့မသိဘူး Like and share သာလုပ်ကြပါတယ် ။ သူတို့ကိုဝင်ရောက်ဆွေးနွေးစေချင်ပါတယ်။ နက်ဖန်မှာ အရေးကြီးတဲ့ deep excavation အကြောင်းကိုတင်ပေးပါ့မယ်။
-
KSMT
16.5.2015(10:30 pm)
Bangkok




Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment