Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ရွှေတိဂုံနဲ့ဒဂုံစီးတီး (၆)

ဒဂုံစီးတီးရဲ့ underground structure ကိုဘယ်လောက်အနက်အထိလုပ်မယ်ဆိုတာမသိရသေးပါဘူး ။ မြေအောက်ရထားလိုင်း ဒါမှမဟုတ်မြေအောက်ပိုက်လိုင်းတွေလောက်တော့နက်မယ်လို့မယူဆမိပါဘူး ။ ဒါပေမဲ့ deep excavation design ဆိုတာ တခြား design တွေလိုလွယ်လွယ်ကူကူတွက်လို့မရသလို ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု တွေအားလုံးကိုစဉ်းစားရမယ် ။ အဓိကအခြေခံကျတဲ့ အချက်ကတော့ lateral earth pressure ပါ ။ ကျွန်တော်တို့ကျောင်းနေစဉ်ကတော့ lateral earth pressure ကို Coloumb သို့မဟုတ် Rankine active earth pressure theory နဲ့လွယ်လွယ်လေးတွက်ပါတယ်။ အလုပ်ထဲရောက်လာတဲ့ အချိန်မှာ အဲ့ဒိ theory တွေက ၄၀%လောက်ပဲ effect ဖြစ်နေပါတယ် ။ တကယ်တော့ deep excavation ကိုစဉ်းစားမယ်ဆိုရင် ဘာအတွက်သုံးမှာလည်း permanent support လား temporary support လားဆိုတာက စ စဉ်းစားရပါမယ်။ နောက်ပြီး rigid wall သုံးမလား flexible wall ကိုသုံးမလဲဆိုတာကိုစဉ်းစားရပါမယ် ။ Investigation result တွေပေါ်အခြေခံပြီး embedded wall သုံးမလား active support ကိုသုံးမလား passive support ကိုသုံးမလားဆုံးဖြတ်ရမယ် ။ ပြီးမှ lateral earth pressure theory နဲ့တွက်ယူ ... wall တွေရဲ့ friction ကြောင့် ဖြစ်လာမဲ့အားတွေ ၊ soil arching effect တွေကြောင့်ဖြစ်လာမဲ့ အားတွေ၊ wall ရဲ့ deflection ကြောင့်ဖြစ်လာမဲ့အာွးေ လိုတိုး ပိုလျော့ ။ နောက်ပြီးတော့ ပတ်ဝန်းကျင်ရဲ့ effect တွေဖြစ်တဲ့ ဖို့မြေတွေ ၊ မြေအောက်ရေရဲ့ အတက်အကျ ၊ ဖြစ်နိုင်ချေရှိတဲ့ သက်ရောက်မှု အားလုံးကို တွက်ချက်ပြီးမှ design လုပ်ရတာ ။ အဲ့ဒိ designing ကိုတော့ ရွှေတိဂုံနဲ့မပတ်သက်ဘဲ သပ်သပ် ထပ်ပြောမှာပါ ။ အခုပြောချင်တာက deep excavation ဆိုတာခန့်မှန်းတွက်ချက်ရခက်သလို risk လည်းများတဲ့အကြောင်းပါ။
-
ရွှေတိဂုံနဲ့ deep excavation ကိုမခန့်မှန်းခင် case study တွေကိုအရင်ကြည့်ရအောင်လား ။ ပထမဆုံး case study က ဂျာမနီနိုင်ငံကိုလုန်းမြို့က မြေအောက်ရထား ဥမှင်ပါ ။ ဂျာမနီနိုင်ငံဟာ မြေအောက်ဆောက်လုပ်ရေးမှာ ကျွန်တော်တို့နှစ်ပေါင်းများစွာ ရှေ့ပြေးနေပြီး ဂျာမန်တွေရဲ့ ဒီဇိုင်းတွေဟာလည်းစိတ်ချရတယ်ဆိုတာနာမည်ကြီးပါဘဲ ။ ဒါပေမဲ့မြေကြီးရဲ့မာယာကဘယ်လိုမှပြောလို့တွက်ဆလို့မရဘူးဆိုတာကိုပြနေတာပါ။ ဒီ subway tunnel ဟာ မြစ်ကပို့ချ လိုက်လို့ဖြစ်လာတဲ့ မြေပေါ်မှာတည်ဆောက်တာပါ။ မြစ်ကပို့ချလိုက်တဲ့မြေဟာ သဲဖြစ်လိုက် ရွှံ့ဖြစ်လိုက် ကျောက်စရစ်ဖြစ်လိုက်နဲ့ညီညာမှု မရှိပါဘူး ။ အဲ့ဒိတော့တွက်ချက်တဲ့နေရာမှာလည်း အမျိုးမျိုးစဉ်းစားရပါတယ် ။ ဂျာမန်တွေဟာအလွှာအမျိုးမျိုး ဖြစ်နေတာကိုစဉ်းစားပါတယ် ။ ဒါပေမဲ့ ကျောက်စရစ်အလွှာမှာ မြေအောက်ရေခိုဝင်နှုန်းများပြီး မြေတူးလိုက်တဲ့အချိန်မှာ မြေအောက်ရေစီးကြောင်းနဲ့အတူ မြေထိန်းနံရဲ့ဘေးတွေမှာ ဂလိုင်ဖြစ်သွားတာကို သတိမပြု မိဘူး အဲ့ဒါကြောင့် မြေထိန်းနံရံပြိုကျတယ် ၊ ပြီးတော့အဲ့ဒိအပေါ်မှာရှိတဲ့ အဆောက်အဦးပြိုတယ်။ ပုံ(၁) ကတော့ပြိုကျသွားတဲ့ အဆောက်အဦးပုံပါ။ ပုံ (၂) ကတော့ပြိုကျရခြင်းအကြောင်းအရင်းကိုရှင်းပြထားတာပါ။ ခက်တာက အပေါ်ကအဆောက်အဦးက ရှေးဟောင်းစာပေတွေကို စုဆောင်းထားတဲ့ အဆောက်အဦးဖြစ်နေပါတယ် ။ အဆောက်အဦးကပြန်ဆောက်လို့ရပေမဲ့ ပျက်စီးသွားတဲ့ရှေးဟောင်းစာအုပ်တွေကတော့ပြန်မရနိုင်တော့ပါဘူး ။ ဂျာမန်တွေဟာ အဲ့ဒိကိစ္စအတွက်အတော်လေးယူကြုါံ်းမရဖြစ်ကြပါတယ်။ ကျွန်တော်တို့လည်းရွှေတိဂုံအတွက်ယူကြုံးမရမဖြစ်စေချင်ဘူး။ ဒီနေ့ကျွန်တော်ကိုလူတစ်ယောက်ကပြောတယ် ရွှေတိဂုံပြိုရင်ရွှေတိဂုံထက်ပိုမြင့်တဲ့ ဘုရားပြန်ဆောက်ပေးမယ်တဲ့ ။ ဘာမှတော့ပြန်မပြောလိုက်ပါဘူး ။ လူမဟုတ်ဘူးလို့ယူဆလို့ပါ ။ 
-
နောက်တခုကို ဥပမာပြရရင်တော့ ထိုင်ဝမ်ကအဆောက်အဦးတစ်ခုပါ ။ သေချာ soil investigation လုပ်ပါတယ် ။ ဒါပေမဲ့လည်း သူတို့သတိမပြု မိလိုက်တာ ရေအောင်းလွှာပါ။ ကျွန်တော်ရန်ကုန်မှာ အဆောက်အဦးတွေအတွက်အလုပ်လုပ်တဲ့အခါမှာ designer တွေတောင်းဆိုတာကလည်း မြေအောက်ရေရဲ့ပြောင်းလဲမှကိုပါ ။ အဲ့ဒါကြောင့်အထပ်မြင့်အဆောက်အဦးတွေအတွက် water stand pipe နဲ့ piezometer ကိုအမြဲတမ်းချထားပေးရပါတယ်။ ဒါပေမဲ့ မြေသားကျောက်သား ဟာပုံမှန်အတိုင်းအထပ်လိုက် ရှိခဲ့ရင်တော့ပြသနာမရှိနိုင်ပေမဲ့ ပုံမှန်ထက်ထူးခြားရင်တော့ ပြသနာပါ ။ ဒီထိုင်ဝမ်ပြသနာဟာလည်း ရေအောင်းလွှာဟာ ပုံမှန်မဟုတ်လို့ပြိုကျသွားရခြင်းပါ။ ပုံမှန်မဟုတ်တဲ့ အကြောင်းအရင်းကတော့ underground excavation ရဲ့အောက်မှာရှိတဲ့ ရေအောင်းလွှာဟာ အပေါ်ကမြေထုရဲ့ဖိအားလျော့တဲ့ အချိန်မှာ သူ့ရဲ့အထက်မှာရှိတဲ့ကျောက်လွှာကိုထိုးခွဲပြီးရေများပန်းထွက်လာခြင်းကြောင့်မြေအောက် အဆောက်အဦးပြိုတာပါ ။ ပုံ (၃) ကတော့ဖြစ်စဉ်ပုံကြမ်းလေးပါ။ ပုံ(၄) ကတော့ မြေအောက်ရေတွေ ground level အထိတက်လာတဲ့ပုံပါ။ ရန်ကုန်မှာ အဲ့ဒိလို ရေအောင်းလွှာရှိပါတယ်။ ကမ္ဘာအေးဘုရားလမ်း မှာ project တစ်ခုအတွက် စမ်းသပ်တုန်းကတွေ့ရတာပါ ။ မြေအောက်အနက် ၁၁ မီတာ ၁၂ မီတာလောက်မှာ သဲကျောက်လွှာကိုတွေ့ရပြီး ၊ သဲကျောက်လွှာကို ဖေါက်မိတဲ့အခါ မြေအောက်ရေဟာ စိန်လွန်တွင်းကနေအပေါ်ကို ထိုးထွက်လာတာပါ ။ Arzarnigone Sandstone ရဲ့သဘာဝဟာ အဲ့ဒိလို confined aquifer တွေ pocket lens တွေရှိတယ်လို့သင်ခဲ့ရဖူးတော့ သတိထားရအောင်ပါ။ 
- 
deep excavation failure ရဲ့ case study တွေအများကြီးပြောစရာရှိပေမဲ့နောက်ဆုံးကတော့ စင်ကာပူက Nicoll Highway ပါ။ Singaporean designer တွေနဲ့အလုပ်အများကြီးတွဲလုပ်ဖူးပါတယ်။ safety factor ကိုအတော်ယူတဲ့လူမျိုးတွေလို့ပြောလို့ရပါတယ်။ test item ပေါင်းစုံကိုစမ်းသပ်ပြီးမှာ နောက်ဆုံး design parameter ကိုလူအင်အားနဲ့ဆုံးဖြတ်ကြတာပါ ။ ကျွန်တော်လုပ်ခဲ့တဲ့ရန်ကုန်က project တွေမှာတော့ အငြင်းပွားစရာမရှိတဲ့အခြေအနေဆို တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်တည်းဆုံးဖြတ်တာပါ။ သူတို့ရဲ့အဲ့ဒိကောင်းတဲ့ practice က Nicoll Highway ပြိုပြီးမှလို့ပြောပါတယ်။ ဒါပေမဲ့လည်း စင်ကာပူဟာ ကောင်းတဲ့ practice ကို မပြိုခင်ကတည်းကသုံးခဲ့တာပါ။ Nicoll Highway ပြန်လည်တည်ဆောက်တဲ့အချိန်မှာတော့ အဲ့ဒိ project ထဲကျွန်တော်ပါဝင်ခဲ့ဖူးပါတယ် ။ Nicoll Highway ရဲ့မြေအနေအထားနဲ့ရွှေတိဂုံရဲ့မြေအနေထားဟာလုံးလုံးမတူပါဘူး ။ ဒါပေမဲ့အမှားဆိုတာတစ်ခုတည်းမလာဘဲအကြောင်းအရင်းပေါင်းများစွာနဲ့လာတာပါ။ Nicoll Highway ရဲ့design technology ဟာအရင်တကြိမ်တခါမှမသုံးဖူးသေးတာက တစ်ကြောင်း၊ နောက်တစ်ခုကတော အမြဲတမ်းသတိထားကြည့်နေဖို့လိုအပ်တဲ့မြေကြီးရဲ့ဘေးတိုက်ရွေ့လျားမှုကိုတိုင်းတာတဲ့ inclinometer အလုပ်မလုပ်တာတစ်ကြောင်းနဲ့၊ မြေကြီးဟာတသမတ်တည်းမဟုတ်ဘဲ layer တွေအနေနဲ့ရှိနေလို့ ဘေးတိုက်တွန်းအားက သူ့ရဲ့ diaphragm wall ကိုသက်ရောက်ပါတယ်။ နောက်ပြီးမှ bracing support မရှိတဲ့အပိုင်းက အရင်ကွေးသွားပြီး ကျန်တဲ့ strut တွေကိုချိုးဖျက်ပစ်လိုက်တာပါ ။ ပုံ (၅) နဲ့ ပုံ (၆)ပါ ။
-
တကယ်တော့ကျွန်တော်ပြောနေတာတွေကစီမံကိန်းပျက်ရာပျက်စီးကြောင်းတွေမဟုတ်ဘဲ သတိထားရမဲ့အရာတွေပါ ။ မြန်မာပြည်မှာ deep excavation practice ဟာအလွန်နည်းပါသေးတယ် ။ မရှိသေးသလောက်နည်းပါသေးတယ်။ ကျွန်တော်စိတ်ပူတဲ့အချက်တွေကို ချရေးပြပါမယ်
(၁)နိုင်ငံခြားက deep excavation technique တွေကမြန်မာပြည်နဲ့အဆင်ပြေပါ့မလား
(၂) designer က ဒေသရဲ့ဒုက္ခပေးတတ်တဲ့ ၀ိသေသလက္ခဏာတွေနဲ့ရင်းနှီးရဲ့လား ( မြေအောက်ရေ ၊ ငလျင်၊ ကျောက်သားကြေမွခြင်း)
(၃) ကျွမ်းကျင်တဲ့တည်ဆောက်ရေး အင်ဂျင်နီယာ ၊ supervisor နဲ့အလုပ်သမားရှိရဲ့လား
(၄) သံချောင်းတွေ ၊ ဘိလပ်မြေတွေ welding တွေက အရည်အသွေးမီရဲ့လား
(၅) အဲ့ဒိအတွက် risk assessment ကိုကျွမ်းကျင်သူတွေနဲ့သေချာတိုင်ပင်ရဲ့လား
(၆) dewatering system အတွက် pumping test တွေသေချာစမ်းရဲ့လား
(၇) monitoring system တွေသေချာလုပ်ထားရဲ့လား
တကယ်တော့ deep excavation ပြိုတယ်ဆိုရင်တော့သူ့နေရာတစ်ခုတည်းမပြိုပါဘူး ။ ဘေးနားက အရာတွေပါဆွဲချသွားတာပါ ။ အဲ့ဒိတော့ဦးထောင်ဘိုလမ်းဘက်က deep excavation တွေကရွှေတိဂုံ ကုန်းတော်မပြိုစေရပါဘူးလို့ဘယ်သူအာမခံသလဲ ။ အဲ့ဒိနေရာကာကွယ်ရေးဝန်ကြီးဌာနပိုင်ပါ ။ ပြည်သူကလည်းမလိုချင်ပါဘူး ။ ဗိုလ်ချုပ်တွေ အဲ့ဒိမှာခေါင်းချကြပါ ။ ပတ်ဝန်းကျင်ကိုအန္တရာယ်မဖြစ်တဲ့ အိမ်များကိုဆောက်ပြီး သေတပန်သက်တဆုံးနေကြပါ ။ ရွှေတိဂုံ ၊ ကန်တော်ကြီးနဲ့ ရန်ကုန်မြို့ကြီးကိုတော့ ဒုက္ခမပေးကြပါနဲ့။
-
slope stability ဟာအရေးအကြီးဆုံးဒုက္ခပေးမဲ့အရာလို့ကျွန်တော်ယူဆပါတယ် ။ ကုန်းတော်ပြို ကျမဲ့ အန္တရာယ်ကို အပိုင်း (၇) မှာရေးပြီး ဇာတ်သိမ်းပါရစေ ။ နောက်အပတ်တွေမှာ နားထားတဲ့ကျွန်တော့် research အလုပ်ကိုဆက်လုပ်ရမှာမို့စာရေးဖို့ကိုခေတ္တနားထားပါမယ်။
https://www.facebook.com/kyawswar.myintthein.5/posts/10204071143958783 






Save Our Shwedagonပညာရှင်တစ်ဦးရေးသားထားတဲ့စာတမ်းတွေပါ။တန်ဖိုးရှိတဲ့စာတမ်းဖြစ်တာကြောင့် အားလုံးကိုပြန်လည်ဝေမျှပါတယ်။သမ...

Posted by The Melting Pot 4 U on Tuesday, 19 May 2015

No comments:

Post a Comment