Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

အမေရိကကို ထိုးဖောက်ဖို့ ပြင်နေတဲ့ တရုတ်ပြည်က တေလာဆွစ်ဖ်

ဂလိုရီယာတန်ဇစ်ကီလို့ ခေါ်တဲ့ အဆိုတော်ကောင်မလေးကို သူမရဲ့ပရိသတ်တွေက ချစ်စနိုးနဲ့ တရုတ်ပြည်က တေလာဆွစ်ဖ်လို့ ခေါ်ကြပါတယ်။ ဒါ့အပြင် သူမကို G.E.M လို့ ခေါ်ကြပါသေးတယ်။ G.E.M ဆိုတာက Get Everybody Moving ကို ဆိုလိုတာပါ။
အခုဆိုရင်တော့ သူမဟာ အမေရိကမှာ နယ်လှည့်ရှိုးပွဲတွေ ဖျော်ဖြေပြီး ယူအက်စ်ဂီတလောကကို ထိုးဖောက်ဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။ “ ကျွန်မကို တေလာနဲ့ တူတယ်လို့ ပြောကြတဲ့အတွက် ဂုဏ်ယူမိပါတယ်။ သူမရဲ့ နောက်ဆုံးထွက် သီချင်းဖြစ်တဲ့ Shake It Up သီချင်းကလည်း ချစ်စရာကောင်းပါတယ်။ သူမက ဂီတာလည်း တီးတတ်ပြီး ကိုယ်တိုင်လည်း သီချင်းရေးနိုင်သူပါ။ ဒါမျိုးက ဒီနေ့ခေတ်မှာ ရှားပါးတဲ့အရာ ဖြစ်နေပါပြီ” လို့ အသက် ၂၃ သာ ရှိသေးတဲ့ ဂလိုရီယာက ဆိုပါတယ်။ ဂလိုရီယာဟာ အမေရိကန်မှာ ရှိတဲ့ ဘောလုံးကွင်းထဲမှာ တေလာဆွစ်ဖ်နဲ့ လက်တွဲပြီး ဖျော်ဖြေပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ဒီရှိုးပွဲတွေအတွက် လက်မှတ်တွေကိုတော့ မေလ ၂ ရက်မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဂလိုရီယာကိုယ်တိုင်ကလည်း တေလာလိုပဲ ဂီတာတီးပြီး ကိုယ်တိုင်သီချင်းတွေ ရေးနိုင်သူ ဖြစ်ပါတယ်။ တေလာနဲ့ နောက်ထပ်တူတာက အချစ်အကြောင်း သီချင်းတွေ ရေးပြီး အသည်းကွဲဝေဒနာကိုလည်း ရိုးသားပြီး မရှောင်လွှဲနိုင်တဲ့ အရာအဖြစ် လက်ခံထားတဲ့ အချက်ပါပဲ။
သူမရဲ့ Innocence, Bubble , Sometimes နဲ့ One Way Road သီချင်းတွေက နာမည်ကြီးသလို သူမရဲ့ I Am A Singer ရုပ်သံရှိုးအစီအစဉ်ဟာလည်း တစ်ပတ်အတွင်းမှာ ကြည့်ရှုသူ သန်း ၂၀၀ အထိ ရှိခဲ့ပါတယ်။ လက်ရှိမှာ ဂလိုရီယာဟာ အမေရိကရဲ့ နာမည်ကြီးရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ ၀ီလီယံနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ဂလိုရီယာက သူမ စံထားရတဲ့ နောက်ထပ်အဆိုတော် တစ်ယောက်က ဘီယွန်းဆေး ဖြစ်ပြီး ဂျက်စတင်တင်းဘားလိတ်ဟာလည်း သီချင်းဆိုရင်း အကကောင်းသူတစ်ယောက် ဖြစ်ကြောင်း၊ ဂျက်စတင်လို မျိုး အမျိုးသမီးတွေကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားမျိုးကို တွေ့ချင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
Planet Myanmar.

No comments:

Post a Comment