Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 9, 2015

မြုံနေသော အမျိုးသားများ ကလေးရအောင် ကုသနိုင်တော့မည်

မြုံနေသော အမျိုးသားများ ကလေးရအောင် ကုသနိုင်တော့မည်
ဆေးသိပ္ပံပညာရပ်မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသားသုတ်ပိုးတွေ ဓါတ်ခွဲခန်းထဲမှာ ရှင်သန်းကြီးထွားလာ တာကို ပြင်သစ်ကုမ္ပဏီတစ်ခု ကြုံတွေ့လိုက်ရပါတယ်။ သုတ်ပိုးဟာ ခန္ဓာကိုယ်ထဲမှာ မဟုတ်ပဲ အပြင်မှာ ရှင်သန်ကြီးထွားလာတာ ကမ္ဘာမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။


မျိုးမပွားနိုင်တဲ့သုတ်ပိုးကို ဓါတ်ခွဲခန်းထဲမှာ ရှင်သန်ကြီးထွားလာအောင် ပထမဆင့် လုပ်နိုင်ခဲ့တာဟာ မြုံနေတဲ့ အမျိုးသားတွေကို ကုသဖို့နည်းလမ်းအစလည်း ဖြစ်တယ်လို့ အဲဒီဓါတ်ခွဲခန်းက ပြောပါတယ်။ ဒီစမ်းသပ်မှုကို တိုးတက်အောင်မြင်အောင် လုပ်နိုင်ခဲ့မယ်ဆိုရင် ကမ္ဘာပေါ်က ကလေးမရနိုင်တဲ့ အမျိုးသားတွေအတွက် ကလေးရစေမယ့် အဖြေရှာတွေ့တော့မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အမျိုးသားတစ်ထောင်မှာ ၁၀ ဦးက မျိုးမပွားနိုင်ပဲ မြုံနေတဲ့ရောဂါခံစားနေကြရပါတယ်။
ဒီစမ်းသပ်မှုအောင်မြင်ပြီး ဈေးကွက်ထဲမှာ စီးပွားဖြစ်လုပ်ကိုင်ခဲ့မယ်ဆိုရင် တန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံလောက်ရှိနိုင်တယ်လို့ အဲဒီပြင်သစ်ဓါတ်ခွဲခန်း Kallistem ကတာဝန်ရှိသူတွေက ပြောပါတယ်။

Ref - dailymail
http://www.planet.com.mm/detail/27748/Sports

No comments:

Post a Comment