Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 3, 2015

မေဝယ်သာ နှင့် ပတ်ကွီယောင်း (လက်ဝှေ့ပွဲ အပြည့် ဗီဒီယိုဖိုင်)



Nay Minမေဝယ်သာ နှင့် ပတ်ကွီယောင်း (လက်ဝှေ့ပွဲ အပြည့် ဗီဒီယိုဖိုင်)ရာစုနှစ်ရဲ့ အကောင်းဆုံး လက်ဝှေ့ပွဲ ဆိုပြီး တကမ္ဘာလုံးက စိတ်ဝင်တစား စောင့် ကြည့်ခဲ့ကြတဲ့ မေဝယ်သာ နဲ့ ပတ်ကွီယောင်း တို့ ရဲ့ ပွဲမှာ ပရိတ်သတ်များ စိတ်ကျေနပ်မှု မရှိခဲ့ကြပဲ မျှော်လင့် ထာခဲ့ကြသို တစ်ဦးကို တစ်ဦး အလဲ မထိုးနိုင်ခဲ့ကြပဲ မေဝယ်သာ က ပတ်ကွီယောင်း ကို အမှတ်ဖြင့် သာ အနိုင်ရရှိခဲ့ပါတယ်။ ပရိတ်သတ် များရဲ့ အမြင်မှာတော့ ပတ်ကွီယောင်း က အထက်စည်း မှ ထိုးသတ်နိုင်ခဲ့တယ်လို့ ထင်မြင်ရပေမဲ့ နည်းစနစ် ပိုမို ကျွမ်းကျင် သည့် မေဝယ်သာ က ခံစစ် ဖြင့် အကောင်းဆုံး ကာကွယ် ထိုးသတ် ကစားခဲ့ပြီး ဒိုင်လူကြီး သုံးယောက် ရဲ့ အမှတ်ပေးမှု အရ ၁၁၈-၁၁၀ ၊ ၁၁၆-၁၁၂ ၊ ၁၁၆-၁၁၂ ဖြင့် မေဝယ်သာ က အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲ မေဝယ်သာ အနိုင်ရရှိခဲ့တဲ့ အတွက် မေဝယ်သာ ဟာ WBA, WBC ချန်ပီယံ ဘွဲ့များ ကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သလို ပတ်ကွီယောင်း ရဲ့ WBO ချန်ပီယံဘွဲ့ ကို ပါ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့သမား နှစ်ဦးရဲ့ ခံယူချက် က တော့ အတော်ကွာခြားပါတယ်။ မေဝယ်သာ က ငွေကြေး အတွက် ထိုးသတ်ခဲ့ပြီး ပတ်ကွီယောင်း ကတော့ သူ့နိုင်ငံ ၊ သူ့ လူမျိုး နဲ့ သူ့ ကို အားပေးတဲ့ ပရိတ်သတ်တွေ အတွက် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ပတ်ကွီယောင်း အနေ နဲ့ ယခု ပွဲ ရှုံးနိမ့်ခဲ့ပေမဲ့ ပရိတ်သတ် က သတ်မှတ်ပေးခဲ့ တဲ့ ချန်ပီယံ တစ်ယောက် ဖြစ်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ မေတ္တာ ကိုပါ သိမ်းပိုက် နိုက်ခဲ့ပါတယ်။လက်ဝှေ့ မှာ စိန်ခေါ်သူ က အလဲ ထိုးနိုင်ရင်ထိုး ၊ လက်ရည် ပြတ်ပြတ်သားသား သာရင်သာ ၊ ဒါမှမဟုတ်ပဲ လက်ရည်တူ လောက်ပဲ ထိုး နိုင်ရင် တော့ စိန်ခေါ်သူက တပန်း ရှုံးပါတယ် ။ ပတ်ကွီရောင် က စိန်ခေါ်သူ ဆိုတော့ မေဝဲသာ က အသာရသွားတာ အငြင်းပွားဖွယ်မရှိပါဘူးလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ Football Cafe
Posted by The Melting Pot 4 U on Sunday, 3 May 2015

No comments:

Post a Comment