Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 13, 2015

ကတ်ထူဖာအတွင်း ၈ ရက်ကြာ စွန့်ပစ်ထားသည့်ကလေး အသက်ရှင်

ဓာတ်ပုံ - www.naij.com

နှုတ်ခမ်းကွဲဖြင့် မွေးဖွားလာတဲ့ မွေးကင်းစ တရုတ်ကလေးငယ်ကို မိဘတွေက စွန့်ပစ်သွားပြီး ကတ်ထူဖာနဲ့ မြေမြှုပ်ခဲ့ပေမယ့် ၈ ရက်မြောက်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။

ဂွမ်ဇီးခရိုင်ထဲက ဝေးလံခေါင်ဖျားတဲ့ နေရာမှာ ကလေးကို မိဘတွေက ပစ်ထားခဲ့တာ ဖြစ်ပြီး ဆွေမျိုးတွေက သေပြီထင်ပြီး မြေမြုပ်ခဲ့တာလို့ တရုတ် သတင်းတွေမှာ ရေးပါတယ်။

ဒါပေမယ့်လည်း ရေနဲ့လေက ကတ်ထူဖာကို ဖောက်နိုင်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ကလေးကို မြက်ပင်ရှင်နဲ့ ဖုန်ထူတဲ့နေရာမှာ ဖိနပ်ဖာ အရွယ်ရှိတဲ့ ဖာထဲမှာ ထည့်ပြီး မြေမြုပ်ခဲ့တာ ဖြစ်ပါတယ်။

ဆေးမြစ်တွေ လာရှာတဲ့ အမျိုးသမီးက ငိုသံကို ကြားရာကနေ ကလေးကို ရှာဖွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ - www.naij.com

တမင်ရည်ရွယ်ပြီး သတ်ဖြတ်မှုနဲ့ လူ ၅ ဦးကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ မသန်စွမ်းကလေးတွေဟာ မိသားစုရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးရာရောက်တဲ့အတွက် စွန့်ပစ်လေ့ရှိသလို မိဘတွေက ဆေးကုသမှုနဲ့ ပညာရေး စရိတ်ကို မတတ်နိုင်ကြဘူးလို့ ဆိုပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment