Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 12, 2015

ကရင်ဒုက္ခသည်များအလှူငွေ မိုင် ၃,၅၀၀ စက်ဘီးခရီးနှင်မည်


အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်းရှိ ဆီအာတယ်လ်မြို့မှ အရှေ့ဘက်ခြမ်း နယူးယောက်မြို့အထိ မိုင် ၃,၅၀၀ စက်ဘီးခရီးစဉ်တစ်ခုကို ကရင်ဒုက္ခသည်များအတွက် အလှူရန်ပုံငွေအဖြစ် ပြုလုပ်မည် ဖြစ်ပါသည်။ မစ်ရှီဂန်ပြည်နယ်၊ နော့သ်ဗီးလ်မြို့ရှိ ဝါ့ဒ်ဘုရားရှိခိုးကျောင်းမှ ဆက်သွယ်ရေးဒါရိုက်တာ ဖြစ်သူ ဂျက်ဖ် မစ်ချယ်လ်သည် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များကို ကူညီရန် ဒေါ်လာ ၁၀,၀၀၀ ရန်ပုံငွေ စုဆောင်းနိုင်ရန် ခရီးရှည် စက်ဘီးစီးကာ လှုံ့ဆော်စည်းရုံးမည် ဖြစ်သည်။
ဂျက်ဖ် မစ်ချယ်လ်နှင့် အဖွဲ့ဝင် ၈ ဦးသည် ဇွန်လ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံကို ကန့်လန့်ဖြတ် စက်ဘီးခရီး စတင်ကြမည် ဖြစ်၍ ၂ လအကြာ ဇူလိုင် ၃၀ ရက်၌ နယူးယောက်မြို့သို့ ဆိုက်ရောက်မည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့ အဖွဲ့သည် တစ်နေ့လျှင် မိုင် ၁၀၀ ကျော် စက်ဘီးစီးကာ လမ်းခရီးရှိ ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများ၊ အပန်းဖြေနေရာနှင့် ပန်းခြံများတွင် ကရင်ဒုက္ခသည်များ၏ ဘဝအခြေအနေကို ရှင်းလင်းဟောပြောကြမည် ဖြစ်၏။
အင်တာနက် အွန်လိုင်းပေါ်တွင်လည်း ဒေါ်လာ ၁၀,၀၀၀ ရန်ပုံငွေ ရည်မှန်းချက်ကို တင်ပြ အလှူခံထားပါသည်။ နောက်ဆုံး စာရင်းပိတ်ရက် မတိုင်မီ ၂၃ ရက် အလိုမှာပင် ဒေါ်လာ ၉,၂၇၀ သို့မဟုတ် ၉၃ ရာခိုင်နှုန်း အလှူငွေ ရရှိနေပြီ ဖြစ်သည်။ ထို့ကြောင့်၊ စက်ဘီးခရီး စတင်လျှင် မူလ ရည်မှန်းထားသည့် ဒေါ်လာ တစ်သောင်းထက် ပိုမိုများပြားရန် သေချာနေပါသည်။ ရန်ပုံငွေစက်ဘီးခရီးအကြောင်းနှင့် လှူဒါန်းရန် စာမျက်နှာသို့ သွားရန် ကလစ်ခ် လုပ်ပါ
 http://www.ride4refugees.org/
စရိတ်စက တစ်စုံတစ်ရာ နုတ်ယူခြင်းမရှိဘဲ ရရှိသော အလှူငွေအားလုံးကို ကရင်ဒုက္ခသည်များအား တစ်ပြားမကျန် လှူဒါန်းမည်ဟု စက်ဘီးအဖွဲ့ခေါင်းဆောင် ဂျက်ဖ် မစ်ချယ်လ်က ပြောကြားပါသည်။

http://kabarthit.com/index.php?option=com_content&view=article&id=653:2015-05-10-22-41-04&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment