Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 7, 2015

ကားနောက်ဖုံးတွင် တင်လာသည့် မြန်မာများကို ထိုင်းတောင်ပိုင်းတွင် ဖမ်းမိ

ဓာတ်ပုံ -thairath

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ  ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မေလ  ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး  ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး  ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က  စောင့်ဆိုင်းစစ်ဆေးရာ မှာ ကားနောက်ဖုံးမှာ  တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့  တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ  အဲဒီကားကို ထိုင်းလူမျိုး နိုင်းဖောဒေချ တွန့်ချေ့ ဆိုသူက ရနောင်း ဘက်ကနေ  တရားမ၀င်အလုပ်သမားတွေ တင်ဆောင် မောင်းနှင်လာတာ ဖြစ်ပြီး  စစ်ဆေးရေး ဂိတ်မှာ တာဝန်ရှိသူတွေမသိအောင် ကားနောက်ဖုံးကနေ တကြိမ်လျှင် ၂ ယောက် ၃ ယောက် ခွဲပြီးတင်ဆောင်ခဲ့ကြောင်း၊  လူကုန်မှ အားလုံးကို ကားပေါ်တစုတည်း ပြန်တင်ပြီး ခရီးဆက် သွားဖို့ ဖြစ်တယ်လို့  ယာဉ်မောင်းက ထွက်ဆိုဝင်ခံခဲ့ပါတယ်။

ဓာတ်ပုံ -thairath

ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

No comments:

Post a Comment